ကဘူးလ် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက လှူဒါန်းသည့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း အသုတ်တစ်သုတ်သည် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ရောက်ရှိလာခဲ့ပြီး အာဖဂန်ဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြိုလဲစေရေး ကူညီရန် အရေးပေါ်ရန်ပုံငွေများထဲသို့ အမေရိကန်ဒေါ်လာ ၄၅ သန်း ချထားပေးကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။
ကဘူးလ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ) စက်တင်ဘာ ၁၉ ရက်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အလယ်တန်း နှင့် အထက်တန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့ ဖြစ်သည်။
ဒူရှန်ဘီ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ် ၊ ရုရှား ၊ ပါကစ္စတန် နှင့် အီရန်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများသည် အာဖဂန်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ရေး နှင့် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ရန် စက်တင်ဘာ ၁၆ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံအား ကာကွယ်ရန်အတွက် မကြာမီကာလတွင် အမြဲတမ်းစစ်တပ် ရှိလာလိမ့်မည်ဟု တာလီဘန် စစ်ဦးစီးချုပ် Qari Fasihuddin က ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံသို့ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၃ သန်းစာ ပထမအသုတ် လှူဒါန်းသွားမည် ဖြစ်ပြီး အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်တရုတ် သံတမန်တစ်ဦးက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။...
ကဘူးလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တာလီဘန် ထိပ်တန်းခေါင်းဆောင် Hibatullah Akhundzada က စက်တင်ဘာ ၇ ရက်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တာလီဘန် အိမ်စောင့်အစိုးရသည် မကြာမီစတင်လည်ပတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) စစ်ပွဲကြောင့် အထိနာနေသည့် အာဖဂန်နစ္စတန်နိုင်ငံ၌ နှစ်ပေါင်းများစွာ အသံတိတ်နေခဲ့သည့် အိုင်အက်စ်(IS)အဖွဲ့သည် ဩဂုတ် ၂၆ ရက်က အကာအကွယ်အပြည့်ယူထားသည့် ကဘူးလ်လေဆိပ်အား အကြီးအကျယ်တိုက်ခိုက်မှုတစ်ခု စတင်ပြုလုပ်ပြီး အာဖဂန်နိုင်ငံသား ၁၇၀ ဦးထက်မနည်း နှင့် အမေရိကန် စစ်သား ၁၃ ဦး...
ကဘူးလ် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) ကဘူးလ်လေဆိပ်၌ ဩဂုတ် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရေအတွက်သည် ၁၀၃ ဦးထက်မနည်း ရှိခဲ့သော်လည်း နိုင်ငံခြားတပ်ဖွဲ့များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရန် နောက်ဆုံးရက်အား ထပ်တိုးရန် အကြောင်းမရှိကြောင်း အမည်မဖော်လိုသူ တာလီဘန် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို...
မော်စကို ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသို့ ရောက်ရှိလာသော အာဖဂန်နိုင်ငံမှ လူ ၁,၀၀၀ ခန့်အား ကူညီပေးသွားမည် ဖြစ်ပြီး အထူးသဖြင့် ရုရှားနိုင်ငံသား အဖြစ် ခံယူထားသူ သို့မဟုတ် အခြားစာရွက်စာတမ်းများ ကိုင်ဆောင်ထားသူများဖြစ်ကြောင်း အာဖဂန် လူမျိုးများအတွက် ရုရှားစင်တာ၏ အကြီးအကဲက ဩဂုတ် ၂၅...