ဒူဘိုင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အာဖဂန်သမ္မတ Mohammad Ashraf Ghani က သွေးထွက်သံယိုဖြစ်ပွားမှုမှ ရှောင်လွှဲရန် အလို့ငှာ ၎င်းအနေဖြင့် ကာဘူးလ်မြို့နှင့် နိုင်ငံမှထွက်ခွါရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ် ၁၈ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
ဒူဘိုင်း၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန် သမ္မတ Ghaniက ၎င်းသည် လက်ရှိ ယူအေအီး(အာရပ်စော်ဘွားများပြည်ထောင်စု)တွင် ရှိနေကြောင်း ၊ တာလီဘန်နှင့် ယခင်အာဖဂန်အစိုးရ အရာရှိများ၏တွေ့ဆုံဆွေးနွေးမှုကို ထောက်ခံကြောင်း ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်၏ လက်ရှိ အခြေအနေအပေါ် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ဩဂုတ် ၁၇ ရက်ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကဘူးလ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တာလီဘန်တပ်များက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့ အား သိမ်းပိုက်လိုက်ပြီးနောက် မငြိမ်မသက်ဖြစ်ပွားနေသော အာဖဂန်အခြေအနေကို နိုင်ငံများစွာနှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပန်တဂွန်စစ်ဌာနချုပ်တို့မှ ပူးတွဲထုတ်ပြန်သည့်ကြေညာချက်တွင် “ လက်ရှိအချိန်၌ မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံသားများ...
ကဘူးလ်၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ) ကဘူးလ်လေဆိပ်မှ စီးပွားရေးလုပ်ငန်းသုံး လေကြောင်းခရီးစဉ်များအားလုံး ပယ်ဖျက်လိုက်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်က ဩဂုတ် ၁၆ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ “ကဘူးလ်မှ လေကြောင်းခရီးစဉ်တွေအားလုံး ယာယီပယ်ဖျက်ထားကြောင်းနှင့် ခရီးသည်တွေအနေနဲ့ အကြောင်းချက်မရရှိတဲ့အချိန်အထိ လေဆိပ်ကို လာရောက်ခြင်းမပြုသင့်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဩဂုတ်...
ကဘူးလ်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအစိုးရ ပြိုကွဲပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကဘူးလ်မြို့လယ်ခေါင်လမ်းများပေါ် ၌တာလီဘန် တိုက်ခိုက်ရေးသမားများ နေရာယူထားကြသည်။ အာဖဂန် အစိုးရ ရှုံးနိမ့်သွားပြီးနောက် မြို့တော်ကဘူးလ်ကို တာလီဘန်များက သိမ်းခဲ့ကြခြင်းဖြစ်သည်။ (Xinhua) ………………………………… (English Version) GLOBALink | Taliban...
ဒိုဟာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ သံရုံးများ၊ သံတမန်ရေးရာလုပ်ငန်းများနှင့် နိုင်ငံခြားသားများအား အန္တရာယ်ပြုမည်မဟုတ်ကြောင်း၊ တာလီဘန်အနေဖြင့် နိုင်ငံတစ်ဝန်း လုံခြုံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ကာတာနိုင်ငံ မြို့တော် ဒိုဟာရှိ တာလီဘန် နိုင်ငံရေးရုံး ပြောခွင့်ရပုဂ္ဂိုလ် Muhammad Naeem က ပြောကြားခဲ့သည်။...
ဝါရှင်တန်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးအခြေအနေ ဆက်လက်ဆိုးဝါးလာသဖြင့် သံရုံးဝန်ထမ်းအရေအတွက် လျှော့ချရာတွင် ကူညီရန် ကဘူးလ်လေဆိပ်သို့ တပ်ဖွဲ့ဝင်များစွာ တပ်ဖြန့်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဩဂုတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ) စစ်မက်ဖြစ်ပွားမှုဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုများအရှိန် မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ အစိုးရက ၎င်းတို့နိုင်ငံသားများအား ယင်းနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ဩဂုတ် ၁၀ ရက်က အကြံပြုထားကြောင်း သိရသည်။
ဝါရှင်တန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့များစွာမှာ လွန်ခဲ့သည့် ရက်များအတွင်း တာလီဘန်၏လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်၍ ယင်းနိုင်ငံရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။