ဟီရတ်၊ အာဖဂန်နစ္စတန်၊ မေ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် အနောက်ပိုင်း ဟီရတ်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းတို့ကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကြောင်းဒေသအစိုးရက မေ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကဘူးလ် ၊ မေ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် နေတိုးတပ်ဖွဲ့ဝင်များသည် မေ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင်စတင်ထွက်ခွာကြမည်ဖြစ်ရာ အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံမှ အလုံးစုံ ပြန်လည်ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။
ပူလီအလမ်၊ အာဖဂန်နစ္စတန်၊ မေ ၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ် မြို့တော် ပူလီအလမ် ရှိ ပြည်နယ်ဆေးရုံအပြင်ဘက် လူထူထပ်သောလမ်းမတစ်နေရာတွင် ဧပြီ ၃၀ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၇၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် မရှိမဖြစ်မဟုတ်သော ဝန်ထမ်းများအား အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးမှ ထွက်ခွာကြရန် ဧပြီ ၂၇ ရက်က ညွှန်ကြားထားကြောင်း သိရသည်။
ကဘူးလ် ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံသို့ အရေးပေါ်အစားအစာအကူအညီ အသုတ်တစ်သုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ မတ် ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် မြို့တော် ဟီရတ်တွင် မတ် ၁၂ ရက်ညပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သားအပါအဝင် လူ(၈)ဦးသေဆုံး ပြီး (၅၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် အစိုးရအရာရှိတစ်ဦးက မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့်...
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ် အီရန်နှင့်ထိစပ်နေသည့် အစ္စလာမ်မာဗတ်နယ်စပ်ဂိတ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က လောင်စာဆီတင်ကား ဒါဇင်နှင့်ချီ၍ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Tolo သတင်းရုပ်သံ၏ ဖေဖော်ဝါရီ ၁၄ ရက် သတင်းများအရ သိရသည်။
ကဘူးလ်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkhပြည်နယ် Dawlatabad ဒေသရှိ ဘာသာရေအဆောက်အဦတစ်ခု၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် တာလီဘန်လက်နက်ကိုင်အဖွဲ့ က ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင်အဖွဲ့ဝင် (၃၀ဦး) သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Rezaiက အချင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက်...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက လက်မှတ်ရေးထိုးခဲ့သော အာဖဂန် တာလီဘန်နှင့် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဘမ်ယန်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...