Politics, Law & Military5 years ago
တည်ဆဲ ဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့်အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရုပ်သိမ်း
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) အာရှရန်ကုန်ဘဏ်လီမိတက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှစ၍ ရုပ်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်သော သတင်းအရ သိရသည်။