ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ပြည်သူများအနေဖြင့် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်ရန် COVID-19 ရောဂါ တိုက်ဖျက်ရေး အားဖြည့်ကာကွယ်ဆေး ထိုးနှံကြရန် တရုတ်နိုင်ငံမှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) မန္တလေးမြို့အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးကဦးစီး၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသား ၁,၁၀၀ ခန့် အတွက် အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုများကို ဒီဇင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်းမှာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတက်ရေးအတွေးအခေါ် ၊ “ပြည်သူ့အတွက်...
ကိုလံဘို၊ နိုဝင်ဘာ၁၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက နိုင်ငံအတွင်းရှိ အသက် ၆၀ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ (COVID-19) ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်း စတင်ခဲ့ကြောင်း သိရသည်။ အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ ပြည်နယ်များ၊ Anuradhapura နှင့် Ampara ခရိုင်များ၌ နိုဝင်ဘာ...
မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ခွင့်ပြုလိုက်ကြောင်း ဖိလစ်ပိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန အကြီးအကဲ Enrique Domingo က နိုဝင်ဘာ ၁၆ ရက် တွင် ကြေညာခဲ့သည်။
ဗီယင်ကျန်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်တိုက်ဖျက်ရေးကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ကျန်းမာရေးဝန်ထမ်းများအတွက် COVID-19 အားဖြည့်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ တတိယအကြိမ် (အားဖြည့်) ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများအတွက် အနည်းဆုံး ဆေးအကြိမ်ရေ ၇၀,၀၀၀ စာ ထိုးနှံပေးခြင်းနှင့်အတူ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင်...
ဝါရှင်တန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) Pfizer နှင့် BioNTech တို့က လူများစွာပါဝင်သော ကိုဗစ်-၁၉ (COVID-19) အားဖြည့်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုတွင် ရောဂါအား အပြည့်အဝကာကွယ်ပေးနိုင်သည်ကို ပြသလျက်ရှိကြောင်း အောက်တိုဘာ ၂၁ ရက်က ကြေညာခဲ့သည်။
တိုကျို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံသည် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု ပိုမိုပျံ့နှံ့ခြင်းကိုကောင်းစွာကိုင်တွယ်နိုင်ရန် လာမည့်နှစ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးနှံရေးဝန်ကြီး Taro Kono က စက်တင်ဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။