နယူးဒေလီ ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေသည် ၆ ရက်ဆက်တိုက် နေ့စဉ်လူပေါင်း ၃ သိန်းအထက်တွင်ရှိနေခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၃၅၂,၉၉၁ ဦးရှိခဲ့ပြီး ယင်းမှာ အိန္ဒိယနိုင်ငံတွင် ၅ ရက်ဆက်တိုက် တစ်ရက်လျှင် ရောဂါထပ်မံကူးစက်ခံရသူ ၃ သိန်းအထက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင်...
ကန်ဘာရာ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံက အိန္ဒိယနိုင်ငံတွင် COVID-19 ဖြစ်ပွားနေမှုကို တုံ့ပြန်သည့်အနေဖြင့် ထိုနိုင်ငံမှ လေကြောင်းခရီးစဉ်များအား ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံအ နေဖြင့် အိန္ဒိယနိုင်ငံ၏ COVID-19 ရောဂါ လှိုင်းအသစ်တိုက်ဖျက်ရေးတွင် ဖြစ်နိုင်သမျှ အစောဆုံးအချိန်ကတည်းက ကူညီရန် အသင့်ရှိကြောင်းကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း နှင့် နှစ်ဖက်စလုံးအနေဖြင့် ယင်းကိစ္စရပ်အပေါ် ချိတ်ဆက်မှုကို ထိန်းသိမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီတွင် လက်ရှိ ကျင့်သုံးနေသည့် လော့ခ်ဒေါင်းအစီအမံများကို မေ ၃ ရက် နံနက် ၅ နာရီ အထိ နောက်ထပ် ရက်သတ္တတစ်ပတ်ကြာ ထပ်တိုးဆောင်ရွက်မည် ဖြစ်ကြောင်း နယူးဒေလီမြို့ ဝန်ကြီးချုပ် Arvind Kejriwalက ဧပြီ ၂၅...
ပေကျင်း၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အကြောင်းကြားသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်၏ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် အိန္ဒိယမှလာသည့် ခရီးသွားများ၏ ပြည်ဝင်ခွင့်ကို တားမြစ်တော့မည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရာဘတ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံက COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အိန္ဒိယနိုင်ငံနှင့် အသွားအပြန် လေကြောင်းခရီးစဉ်များအားလုံးကို ဧပြီ ၂၃ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း မော်ရိုကို အမျိုးသား လေဆိပ်ရုံး (ONDA) က ၎င်းတို့၏ ဝက်ဘ်ဆိုက်ပေါ်ရှိ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။
မွမ်ဘိုင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ဧပြီ ၂၃ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး COVID-19 လူနာ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မွမ်ဘိုင်းမြို့မှ မြောက်ဘက် ၇၄ ကီလိုမီတာခန့်ကွာဝေးသော ဗီရာမြို့ရှိ...
အော့တဝါ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံက အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်လာသဖြင့် ၎င်းနှစ်နိုင်ငံမှ လေယာဥ်ခရီးစဥ်များအားလုံးကို ဧပြီ ၂၂ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သော Air India လေကြောင်းလိုင်းသည် ဗြိတိန်နိုင်ငံမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့်ကန့်သတ်ချက်များကြောင့် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း အိန္ဒိယနှင့် ဗြိတိန်နှစ်နိုင်ငံအကြား ပျံသန်းရန်စီစဉ်ထားသော လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်သည်ဟုကြေညာခဲ့ကြောင်း တာဝန်ရှိသူ က ဧပြီ ၂၂...