နယူးဒေလီ၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ဇန်နဝါရီလမှစတင်ကာ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုစတင်ခဲ့ရာ ၂၈ ရက်တာကာလအတွင်း လူပေါင်း ၈ သန်းနီးပါးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အိန္ဒိယအစိုးရက ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် မန်ဂျီရီမြို့ရှိ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရေးအဆောက်အအုံတွင် ဇန်နဝါရီ ၂၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကြေညာချက်အရ သိရသည်။
နယူးဒေလီ၊ဇန်နဝါရီ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ရောဂါ ကာကွယ်ဆေး ဖြန့်ချိမှု နှင့် ဇန်နဝါရီ ၂ ရက်က အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးထိုးနှံခြင်း အကြိုစမ်းသပ်မှု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဗဟိုအစိုးရကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၁၂ နာရီအတွင်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ဗိုင်းရပ်စ်အသစ်ကူးစက်မှု ၂၀ ခုအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀...
အန်ဒရာပရာဒစ်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး အီလုရူ(Eluru)မြို့တွင် အမည်မသိရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သောက်သုံးရေအတွင်း ခဲနှင့်နီကယ်သတ္တုပါဝင်မှုကြောင့် ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း အန်ဒရာပရာဒစ်(Andhra Pradesh)ပြည်နယ် အစိုးရက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူအရေအတွက်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၅,၅၅၁ ဦး ရှိခဲ့သဖြင့် ဒီဇင်ဘာ ၃ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၉,၅၃၄,၉၆၄ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း...
နယူးဒေလီ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံ အစိုးရက COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက်ဆိုင်းငံ့ထားရန် နိုဝင်ဘာ ၂၆ ရက်က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူအသစ် ၄၄,၂၈၁ ဦးရှိခဲ့ရာ နိုဝင်ဘာ ၁၁ ရက်အထိ စုစုပေါင်း ကူးစက်ခံရသူ ၈,၆၃၆,၀၁၁ ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့်...
နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ COVID-19 ကူးစက်ခံရသူအရေအတွက်သည် ၈ သန်းကျော်လွန်သွားပြီဖြစ်ကာ အောက်တိုဘာ ၂၉ ရက်တွင် ၈,၀၄၀,၂၀၃ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန နောက်ဆုံးရထုတ်ပြန်ချက်အရ သိရသည်။