China2 days ago
အိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ပြီး ဆောင်းရာသီကို နွေးထွေးစွာ ဖြတ်သန်းခြင်း – ကန်းစုပြည်နယ် ယွီကျုံးခရိုင် ရေကြီးရေလျှံမှုသဘာဝဘေးသင့်ပြည်သူများ နေထိုင်မှုဘဝသစ် စတင်
ယွီကျုံး၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) နှစ်သစ်ကူးနေ့နီးကပ်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ကန်းစုပြည်နယ် လန်ကျိုးမြို့ ယွီကျုံးခရိုင် ရေကြီးရေလျှံမှုသဘာဝဘေးအပြီး ပြန်လည်တည်ဆောက်ရေး စုစည်းအိမ်ပြောင်းရွှေ့ခြင်းနှင့် ဝင်ရောက်နေထိုင်ခြင်းအစီအစဉ်များကို ပြန်လည်နေရာချထားရေးနေရာအသီးသီးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။ သဘာဝဘေးသင့် ဒေသခံပြည်သူတို့သည် ပျော်ရွှင် အေးချမ်းစွာဖြင့် သဘာဝဘေး အရိပ်မည်းကြီးမှ နှုတ်ဆက်ကာ အိမ်အသစ်များသို့ ပြောင်းရွှေ့လာကြပြီး...