ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လာမည့်သောကြာနေ့(ဖေဖော်ဝါရီ ၄ ရက်) တွင်တရားဝင် စတင်ကျင်းပတော့မည့် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် နှင့် ကြိုတင်ပြင်ဆင်မှုအပိုင်းများကို တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ ရှီသည် ကမ္ဘာကြီးအတွက်...
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) လာမည့် ရက်အနည်းငယ်အတွင်း ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် အဖွင့်လိုက်ကာ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ သန်းပေါင်းများစွာသော ရေခဲပြင် နှင့် ဆီးနှင်းအားကစားနည်း ချစ်မြတ်နိုးကြသည့် အားကစားဝါသနာရှင်များက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပြီဖြစ်သည်။ အဆိုပါ စိတ်အားထက်သန်နေသူများထဲတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်လည်းတစ်ဦးအပါအဝင်ဖြစ်သည်။ ဆောင်းရာသီအားကစားနည်းများကို ဆယ်စုနှစ်ပေါင်းများစွာ နှစ်သက်သဘောကျခဲ့သည့်...
ပေကျင်း ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုခံရခြင်းသည် အားကစားသမားများအတွက် အမှန်တကယ်ဖြစ်လာသည့် အိပ်မက်တစ်ခုဖြစ်ကြောင်း နှင့် သတ်မှတ်စီစဉ်ထားသည့်အတိုင်း ကျင်းပမည့် ပေကျင်း ၂၀၂၂ အိုလံပစ်ပြိုင်ပွဲသည် ဆောင်းရာသီအားကစားသမားများ၏ အိပ်မက်များကို ပြည့်မြောက်စေမည်ကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) အဖွဲ့ဝင် Zhang Hong က ဇန်နဝါရီ...
တီရာနာ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်မည့် အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အကောင်းဆုံး လက်ခံကျင်းပသွားနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Fidel Ylli က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
စင်ကာပူ ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရှေ့လ(ဖေဖော်ဝါရီလ)တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလတွင်း COVID-19 ကပ်ရောဂါဘေးမှ ကင်းဝေးလုံခြုံစေရန် တရုတ်နိုင်ငံ၏ စီမံဆောင်ရွက်ထားမှုများသည် တင်းကျပ်ခိုင်မာမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အကြီးတန်းကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။ စင်ကာပူနိုင်ငံ၌ တရုတ်ဘာသာစကားဖြင့်ထုတ်ဝေသည့် Lianhe Zaobao သတင်းစာတွင် ဖော်ပြချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)...
ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ပေကျင်း ဆောင်းရာသီ အိုလံပစ်ရထားကို ဇန်နဝါရီ ၆ ရက်က ပေကျင်း-ကျန်းကျားခို မြန်နှုန်းမြင့်ရထားလမ်းတွင် မောင်းနှင်ပြေးဆွဲပြသခဲ့သည်။ မိတ်ဆက် ပြောကြားချက်များအရ ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားများ အားလုံးသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်း ပြေးဆွဲနိုင်သည့် Fuxing ကျည်ဆန်ရထားများဖြစ်ပြီး...
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 အိုမီခရွန် ဗီဇမျိုးကွဲဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ကမ္ဘာကြီးအတွက် ထိရောက်၍ ဘေးကင်းပြီး ခမ်းနားကြီးကျယ်သော ဆောင်းရာသီအိုလံပစ် အားကစားပွဲများ ကျင်းပရန် ယုံကြည်ချက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။ ၂၀၂၂...
ပေကျင်း ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် လာမည့်ရှေ့လတွင် ပေကျင်းမြို့၌ ကျင်းပမည့် ပေကျင်း ၂၀၂၂ အိုလံပစ် နှင့် မသန်စွမ်းဆောင်းရာသီအားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရှီကျင့်ဖိန်သည် အမျိုးသားမြန်နှုန်းမြင့်ဘဲဥပုံစကိတ်ကွင်း ၊ အဓိကမီဒီယာစင်တာ ၊ အားကစားကျေးရွာ ၊...
ပေကျင်း ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံ တာဝန်ရှိသူများ၏ ဗီဇာလျှောက်ထားမှုကို တရုတ်ဘက်က လက်ခံရရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအတွင်း အမေရိကန်အားကစားသမားများအတွက် လုံခြုံရေး နှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရန် အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့မှ...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အဖွဲ့ဝင် Dick Pound က ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံ၏ “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် ထိရောက်သည့် အကျိုးသက်ရောက်မှု များများစားစား ရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။