ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ကုလသဂ္ဂ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲအား “ သံတမန်ရေးရာသပိတ်မှောက်ခြင်း” ဟု ပြောဆိုနေမှုသည် အမေရိကန်နိုင်ငံအနေဖြင့် မိမိကိုယ်ကို တိုက်ရိုက်ပင် “နိုင်ငံရေးဟာသပြက်လုံး” တစ်ခုထုတ်နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ကြည့်ရှုသူပရိသတ်မပါဝင်ဘဲ ဖွင့်လှစ်ခဲ့ရာ တင်းနစ်အားကစား ကြယ်ပွင့် နာအိုမီအိုဆာကာ (Naomi Osaka) က အိုလံပစ်မီးရှူးတိုင်အား ထွန်းညှိပေးခဲ့သည်။ (Xinhua) ———————————— (English Version) GLOBALink | Tokyo Olympics open...
တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) (၃၂)ကြိမ်မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၃ ရက် ညပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့ အမျိုးသားအားကစားကွင်းသစ်တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာဖျော်ဖြေပွဲများ ပြုလုပ်ခဲ့သလို အလံတင်အခမ်းအနား၊ အားကစားသမားများ အခမ်းအနားသို့ ဝင်ရောက်လာခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း စသည့်တို့...
တိုကျို ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသမီးဂျွမ်းဘားအသင်းမှ အိုလံပစ် အရံကစားသမား Kara Eaker သည် တိုကျိုမြို့အနီး လေ့ကျင့်ရေးစခန်းတစ်ခု၌ COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
တိုကျို ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အိုလံပစ် နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများအတွက် မြို့တော်လမ်းညွှန်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်း ၄၀,၀၀၀ ကျော်အနက် ၃,၅၀၀ ခန့်သည် ၎င်းတို့၏ အခန်းကဏ္ဍမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
တိုကျို ၊ မေ ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုလံပစ်ကော်မတီက ဇွန် ၁ ရက်မှစတင်၍ တိုကျိုအိုလံပစ် အားကစားပွဲတွင် ဂျပန်နိုင်ငံကိုယ်စားပြုမည့် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို COVID-19 ရောဂါ ကာကွယ်ဆေး ဦးစားပေး ထိုးနှံသွားမည်ဖြစ်ကြောင်း လတ်တလောရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီဥက္ကဋ္ဌ Thomas Bach က ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲအပေါ် ယုံကြည်မှုရှိကြောင်း ထပ်မံပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ မေ ၁၅ ရက် (ဆင်ဟွာ) ဘရာဇီး အားကစားသမားများ၊ နည်းပြများနှင့် စာနယ်ဇင်းသမားများအား တိုကျိုအိုလံပစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံမှ Sinovac နှင့် အမေရိကန်ကုမ္ပဏီမှ Pfizer COVID-19 ကာကွယ်ဆေးများအား မေ ၁၄ ရက်တွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံတွင် မြို့ကြီး ၆...
တိုကျို၊ မေ ၁၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟီဒဲ (Suga Yoshihide) က၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများအား ယခုနှစ် နွေရာသီတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်က ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။ ဆူဂါက...