လန်ဒန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) လီဗာပူးလ်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်မှာ ဘယ်ဘက်ခြေထောက်ရိုး ကျိုးသွားသည့်အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း လီဗာပူးလ်အသင်းက ဒီဇင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အသင်းဘက်က ၎င်းဘောလုံးပြန်ကစားနိုင်မည့် အချိန်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း အဆိုပါ ဆွီဒင်လက်ရွေးစင်ကစားသမားအနေဖြင့် အနည်းဆုံး လအနည်းငယ် အနားယူရဖွယ်ရှိကြောင်း သိရသည်။...
လန်ဒန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) နယူးကာဆယ် ယူနိုက်တက်အသင်းနည်းပြ အက်ဒီဟောင်းက ကြယ်ပွင့်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်အား လာမည့်ရာသီတွင် အသင်း၌ ဆက်လက်ထိန်းထားနိုင်ရန် မျှော်လင့်ထားဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးမှာ လက်ရှိအချိန်အထိ နယူးကာဆယ်အသင်း၏ ရာသီကြိုခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့ခြင်းမရှိဘဲ ကြံ့ခိုင်မှုအခြေအနေကြောင့် အသင်း၏ အာရှခြေစမ်းခရီးစဉ်မှ ချန်လှပ်ခံခဲ့ရသည်ဟု...