တီဟီရန်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အီရန်စစ်တပ် အဆင့်မြင့်အကြီးအကဲ ဆိုလီမန်နီအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုကြောင်း အီရန် သမ္မတ ရိုင်စီက ဇန်နဝါရီ ၃ ရက် တီဟီရန်တွင် ပြောကြားခဲ့သည်။ ယင်းနေ့တွင် လွန်ခဲ့သော ၂ နှစ်က အမေရိကန်လေတပ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်...
တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) ယနေ့ ဇန်နဝါရီ ၃ ရက်သည် အီရန်ဗိုလ်ချုပ်ကြီး ကွီဆမ်ဆိုလီမန်နီ(Qassem Soleimani) လုပ်ကြံသတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အခါသမယဖြစ်ရာ အီရန်နိုင်ငံ တီဟီရန်မြို့တော်အနှံ့အပြား၌ ၎င်း၏ ဓာတ်ပုံများကို ချိတ်ဆွဲပြီး အောက်မေ့ဖွယ် ဂုဏ်ပြုအထိမ်းအမှတ် ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) အကယ်၍ အမေရိကန်နိုင်ငံအနေဖြင့် အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဆိုပါက နျူကလီးယားဆွေးနွေးမှုများသည် “ ကောင်းမွန်သောသဘောတူညီမှု ”တစ်ခု ရရှိနိုင်လိမ့်မည်ဟု အီရန်က မျှော်လင့်ထားကြောင်း အီရန်နိုင်ငံသမ္မတ အီဘရာဟင်ရိုင်စီ က စနေနေ့တွင်ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ၂၀၁၅ ခုနှစ် အီရန်နျူကလီယားသဘောတူညီချက်ကို ပြန်လည်သုံးသပ်ရေး ညှိနှိုင်းဆွေးနွေးမှုများတွင် အီရန်အပေါ် “တင်းတင်းမာမာ ပြုမူဆောင်ရွက်ရန်” ကမ္ဘာ့အင်အားကြီးနိုင်ငံများအား အစ္စရေးနိုင်ငံဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် (Naftali Bennett) က ဒီဇင်ဘာ ၅ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။ “ ဗီယင်နာမြို့မှာ အီရန်နဲ့အတူ...
တီဟီရန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) အိုမန်ပင်လယ်ပြင်၌ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှု၏ ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာ ၈ ရက်တွင် အီရန်နိုင်ငံက ပြည်တွင်းထုတ်ဒုံးကျည်များ၊ တော်ပီတိုများနှင့်မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်ပျံများ(UAVs)များ အသုံးပြုကာ လေ့ကျင့်ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏အဆိုအရ လေ့ကျင့်ရေးတွင်အသုံးပြုသည့် ကင်းထောက်စနစ်များ၊ရေဒါစနစ်များ နှင့် အီလက်ထရောနစ်စစ်ပွဲသုံးစနစ်များ အပါအဝင် အသုံးပြုခဲ့သည့် စနစ်များအားလုံးသည် ကမ္ဘာ့အဆင့်မီဖြစ်ကြောင်းသိရသည်။ ကမ်းရိုးတန်းမှပင်လယ်ပြင်ရှိပစ်မှတ်များအားဖြိုခွင်းနိုင်သည့်...
တီဟီရန်၊နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လျစ်လျူရှုပြီး ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို အပြည့်အဝ မြှင့်တင်သွားမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး Abdullahhiyan က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အီရန်စစ်တပ်က ဟောမုဇ်ရေလက်ကြားအနီးပင်လယ်ပြင်တွင် တပ်ဖွဲ့အမျိုးအစား များစွာပါဝင်သည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၇ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ဒီတစ်ကြိမ် အီရန် အိုမန်ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရတဲ့ ရည်ရွက်ချက်က နိုင်ငံရဲ့ စစ်ရေးအင်အားနဲ့ရန်သူကို ခုခံကာကွယ်ဖို့ အသင့်ပြင်ထားတဲ့အနေအထားကို ပြသတာပဲဖြစ်တယ်”ဟု စစ်ရေးလေ့ကျင့်မှုဆိုင်ရာ...
တီဟီရန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ပူးတွဲဘက်စုံလုပ်ငန်းအစီအစဉ် (JCPOA) ဟု တရားဝင်လူသိများသော ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် ပြန်လည်အသက်ဝင်လာရေးဆိုင်ရာ ဗီယင်နာဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၉ ရက်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ အဆင့်မြင့် နျူကလီးယားညှိနှိုင်းဆွေးနွေးသူ Ali Bagheri Kani က နိုဝင်ဘာ...
တီဟီရန်၊ နိုဝင်ဘာ ၄ ရက် နိုဝင်ဘာ ၃ ရက် တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဖော်ပြချက်အရ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေနံကို ခိုးယူရန် အမေရိကန်ရေတပ်၏ကြိုးပမ်းမှုအား အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က နိုဝင်ဘာ ၂ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက် သို့မဟုတ် JCPOA သို့ပြန်သွားရန် အမေရိကန်၏ အဆင်သင့်ဖြစ်မှုကို မေးခွန်းထုတ်လိုက်ပြီး နျူကလီးယား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်၏ ခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်ဆောင်ချက်အား ဝေဖန်ခဲ့သည်။