International Organizations7 hours ago
အဓိကခြေစစ်ပွဲများအတွက် ပွာတိုကို ဟွန်ဒူးရပ်စ် ခေါ်ယူ
တေဂူဆီဂါလ်ပါ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်အသင်းမန်နေဂျာ ရိန်းနယ်ဒို ရူဒါက နီကာရာဂွာနှင့် ကော်စတာရီကာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် အဆုံးအဖြတ်ဖြစ်သော ခြေစစ်ပွဲများအတွက် ၎င်း၏အသင်းလူစာရင်းတွင် ပွဲထွက်မကစားရသေးသော တိုက်စစ်မှူး အဲရစ် ပွာတိုကို ထည့်သွင်းလိုက်ကြောင်း ဟွန်ဒူးရပ်စ်ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။