Media3 years ago
တရုတ်နိုင်ငံဆန်းတုန်းဒေသထွက် ၄၅ ကီလိုဂရမ်ကျော်အလေးချိန်ရှိဧရာမ ဖရဲသီးကြီး
ဆန်းတုန်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းတုန်းဒေသတွင် “ဖရဲဘုရင်” ဟု အမည်ပေးထားသည့် ဧရာမဖရဲသီးကြီးတစ်လုံးကို လယ်သမားတစ်ဦး၏ စိုက်ခင်းမှ ထွက်ရှိခဲ့သည်။ လယ်သမားက အဆိုပါဖရဲသီးသည် သမားရိုးကျ ဖရဲမျိုးစေ့မှ သီးလာခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ၄၅ ကီလိုဂရမ်ကျော်အလေးချိန်ရှိယင်းဧရာမဖရဲသီးကြီးတစ်လုံးကို လူပေါင်းဒါဇင်နှင့်ချီကာ ဝဝလင်လင်စားသုံးနိုင်သည်ဟု ထိုလယ်သမားကဆိုသည်။ (Xinhua) ……………………………….....