ဆစ်ဒနီ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုဒဏ်ကြောင့် ဩစတြေးလျနိုင်ငံ၏ အပျော်စီးသင်္ဘောလုပ်ငန်းသည် ကြီးမားသည့် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်။
ဝါရှင်တန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် နှင့် ဩစတြေးလျနိုင်ငံတို့ သည် အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည်များ(hypersonic missiles) ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဧပြီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ၊ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် နှင့် ဩစတြေးလျဝန်ကြီးချုပ်စကော့မော်ရစ်ဆင်တို့သည် သုံးပွင့်ဆိုင်ကာကွယ်ရေး...
ကင်ဘာရာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ထောင်နှင့်ချီသော ဩစတြေးလျနိုင်ငံသားတို့သည် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးဆိုင်ရာ ပြဋ္ဌာန်းချက်များအား ကန့်ကွက်ဆန္ဒပြရန် မြို့တော်တွင် စုဝေးရောက်ရှိလာခဲ့ကြသည်။
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံ၏ အနောက်ဩစတြေးလျပြည်နယ် (WA) ရှိ အရေးပေါ်ဌာနက ပြည်နယ် အနောက်တောင်ပိုင်းနှင့် Perth မြို့တော်တွင် တောမီးလောင်ကျွမ်းမှုနှစ်ခုကို သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။ Perth မြို့ရှိ တောမီးသည် Canning Mills ရပ်ကွက်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မြေဧက...
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် ဒီဇင်ဘာ ၁၆ ရက်က စာသင်ကာလပြီးဆုံးသည့်ပျော်ရွှင်ပွဲအခမ်းအနားတစ်ခုပြုလုပ်ချိန် လေထိုးရဲတိုက်အိမ်တစ်ခု လေပြင်းတိုက်ခတ်ကာ လွှင့်စင်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားအချို့အမြင့်မှပြုတ်ကျပြီး အနည်းဆုံး ၅ ဦးသေဆုံးကာ ဒဏ်ရာသူများ ရှိခဲ့ကြောင်း ယင်းပြည်နယ် ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။ အချင်းဖြစ်ရပ်သည်...
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်ရန် မည်သည့်ဩစတြေးလျအစိုးရအရာရှိကိုမျှ ဖိတ်ကြားသွားမည်မဟုတ်ကြောင်း နှင့် သူတို့လာရောက်ခြင်း(သို့မဟုတ်) မလာရောက်ခြင်းကိုလည်း မည်သူတစ်ဦးတစ်ယောက်မျှ ဂရုစိုက်နေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ကိုဗစ်ကာကွယ်ထိုးနှံထားခြင်းမရှိသည့် သူလူအုပ်စုသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူနှင့် နှိုင်းယှဉ်ပါက ရောဂါကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှု သို့မဟုတ် သေဆုံးနိုင်မှုသည် ၁၅ ဆ ပို၍ မြင့်မားကြောင်း ဩစတြေးလျနိုင်ငံ နယူးဆောက်သ် ဝေးလ်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကန်ဘာရာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကြောင်း နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်မှာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အဖြစ် လာမည့်နှစ်တွင် အသက်ဝင်လာမည်ဖြစ်သည်။
ကန်ဘာရာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) ရောဂါကူးစက်မှု တတိယလှိုင်းကို ဆက်လက်ရင်ဆိုင်နေရသဖြင့် နိုဝင်ဘာ ၈ ရက်တွင် အရွယ်ရောက်ပြီးသူများအတွက် ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အား စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အမေရိကန် ၊ ဗြိတိန် နှင့် ဩစတြေးလျ တို့၏ ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုထားသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာနှင့်ပတ်သက်၍ မမြင်နိုင်သော အန္တရာယ် သုံးခုဟူ၍ မီးမောင်းထိုးပြောကြားခဲ့သည်။