ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲ ဖြစ်ပွားပြီး တစ်နှစ်ကျော်ကြာကာလတွင် အစ္စရေးစစ်တပ်က လက်ဘနွန်ရှိ လက်ဘနွန်ဆေးကုသရေးနှင့် ကျန်းမာရေးဌာနများကို “တိုက်ရိုက်၊ ရည်ရွယ်ချက်ရှိစွာ” တိုက်ခိုက်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးဝန်ထမ်း ၁၆၀ ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ရာ “စစ်ရာဇဝတ်မှုမြောက်” ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီး...
ဂျေရုဆလမ်/အမ်မမ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်နေရာသုံးခုအနက် တစ်ခုတွင် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက လူသုံးဦး သေဆုံးခဲ့ပြီးနောက် ယင်းနယ်စပ်ဖြတ်ကျော်နေရာသုံးခုလုံးကို ပိတ်လိုက်ကြောင်း အစ္စရေးက ကြေညာခဲ့သည်။ ဂျော်ဒန်နှင့် အစ္စရေးသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသကြားရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သော Allenby တံတားတွင် စက်တင်ဘာ...
ရာမာလာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ၁၀ ရက်ကြာ စစ်ဆင်ရေးလုပ်ဆောင်မှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့ကြောင်း ပါလက်စတိုင်းနှင့် အစ္စရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။...
မော်စကို၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပင်လယ်နက်ရှိ Kavkaz ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘောတစ်စင်းကို ယူကရိန်းက ဩဂုတ် ၂၂ ရက်၌ တိုက်ခိုက်ခဲ့ပြီးနောက် လူ ၁၇ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။ “ယူကရိန်းက Kavkaz ဆိပ်ကမ်းမှာ သင်္ဘောကိုတိုက်ခိုက်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းကို...
ကိုင်ရို၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ) ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့သည် ဩဂုတ် ၇ ရက်က သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများကို အသုံးပြု၍ ဧဒင်ပင်လယ်ကွေ့ရှိ အမေရိကန် စစ်သင်္ဘော နှစ်စင်းနှင့် ပင်လယ်နီရှိ ကုန်တင် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree...
ဂါဇာ/ဂျေရုဆလမ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဩဂုတ် ၄ ရက်တွင် ဂါဇာမြို့ရှိ စာသင်ကျောင်း ၂ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ ယင်းနေ့တွင် ဖော်ပြသည့် သတင်းများအရ သိရသည်။...
ဆိုးလ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၏ အဓိက အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင် (Lee Jae-myung) သည် အမည်မသိသူတစ်ဦး၏ တိုက်ခိုက်မှု ခံရပြီးနောက် ဆေးရုံတင်ထားရကြောင်း ဒေသတွင်းမီဒီယာများက ဇန်နဝါရီ ၂ ရက်တွင် ရေးသားဖော်ပြကြသည်။ လီဂျေးမြောင်က တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့သို့ သွားရောက်စဉ်အတွင်း...
ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံအတွင်း ဟားမက်စ်က ရုတ်တရက်တိုက်ခိုက်မှုကြောင့် လူ ၇၀၀ ထက်မနည်းသေဆုံးခဲ့ပြီး အစ္စရေးကလည်း ဂါဇာဒေသသို့ လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၁၃ ဦး သေဆုံးခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်၌ “စစ်မက်ဖြစ်ပွားနေကြောင်း” အစ္စရေးအစိုးရအဖွဲ့က ကြေညာခဲ့သည်။ ဟားမက်စ်စစ်သွေးကြွများက...
မော်စကို ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံက မော်စကိုမြို့ နှင့် မော်စကိုဒေသအား မောင်းသူမဲ့ယာဉ်(UAVs)သုံးစင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းတို့အနက် နှစ်စင်းအား ပစ်ချနိုင်ခဲ့ကာ တတိယမြောက်တစ်စင်းမှာမူ electronic warfare နည်းပညာမှ ဖျက်ဆီးနိုင်ခဲ့ပြီးနောက် ပျက်ကျသွားခဲ့ကြောင်း ရုရှားအာဏာပိုင်များက ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။...
ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ) ယူကရိန်းက ရုရှားသမ္မတ အိမ်တော် ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုအား အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ရုရှား သမ္မတ ပြန်ကြားရေးဌာနက မေ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ရှုပ်ထွေးနေသည့်အချိန်အခါတွင် ယခုကိစ္စက နိုင်ငံတကာအသိုက်အဝန်း...