စိုးရိမ်ဖွယ်ကောင်းသော ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်ရေး အယူအဆ၊ အားကောင်းလာသော ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒတို့ လွှမ်းမိုးနေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့က အလွန်အရေးပါလျက်ရှိကာ သစ်လွင်သော အားမာန်တက်ကြွမှုကိုလည်း အပူတပြင်း လိုအပ်လျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသ၌ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ပိုမိုကျယ်ပြန့်စေရေးအတွက် အားပေးထောက်ကူရန် ၂၀၂၄ ခုနှစ်အတွင်း တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကာ...
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ဖြစ်ပွားချိန် ကြာရှည်၍ ပြင်ပသို့ ယိုလျှံသက်ရောက်မှုများက အရှေ့အလယ်ပိုင်း နိုင်ငံအများအပြား၏ စီးပွားရေးကို ဆိုးရွားစွာ ရိုက်ခတ်ခဲ့သည်။ ကယောက်ကယက်အခြေအနေတွင် အရှေ့အလယ်ပိုင်းဒေသ အချို့နိုင်ငံများက ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့ရာ သိသာထင်ရှားသည့် အောင်မြင်မှုရလဒ် ရရှိခဲ့သလို...
တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ တက္ကသိုလ်များမှ ကျွမ်းကျင်သူများနှင့် ပညာရှင် ၁၀၀ ခန့်သည် ပီကင်းတက္ကသိုလ် (PKU) တွင် ဒီဇင်ဘာ ၁၁ ရက်က စုစည်းတွေ့ဆုံကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံမှုနှင့် လူမှုတိုးတက်မှု မြှင့်တင်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် ထောက်ခံအားပေးခဲ့ကြသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Zw4...
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပေကျင်းမြို့၌ ဒီဇင်ဘာ ၁၀ ရက်က ကျင်းပသည့် ၁၆ ကြိမ်မြောက် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီ အစည်းအဝေးအား ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son နှင့်အတူ ပူးတွဲသဘာပတိအဖြစ်...
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၇ ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးများအဆင့် အစည်းအဝေးအား နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၌ လက်ခံကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးက ရည်မှန်းထားသည့် ဈေးကွက်များမှ CLMV...
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီနှင့် ဆော်ဒီသတင်းအေဂျင်စီ (SPA) တို့သည် သတင်းကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းသမားများ လေ့ကျင့်သင်တန်းပေးခြင်းနှင့် အခြားကိစ္စရပ်များဆိုင်ရာ သဘောတူစာချုပ်ကို ပေကျင်းမြို့တွင် နိုဝင်ဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် SPA ယာယီဥက္ကဋ္ဌ Ali...
မဟာမဲခေါင် ဒေသခွဲသည် တရုတ်နိုင်ငံနှင့် မဲခေါင်ဒေသ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရေးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့သော နှစ် ၃၀ အတွင်း ၎င်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများက အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး စသည့် နယ်ပယ်များ၌ အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲအထောက်အကူပြုနိုင်ရန် မျှော်လင့်ကြကြောင်း သိရသည်။ လွန်ခဲ့သော ၇၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ ကြီးမားသော...
နန်နင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ အာဆီယံပြခန်းပြသသူများက တရုတ်ဈေးကွက်အတွင်း အလားအလာကောင်းများအား တွေ့မြင်ခဲ့ကြကြောင်း သိရသည်။ ယခုနှစ် ကုန်စည်ပြပွဲအတွင်း စီးပွားရေးလုပ်ငန်း ၃,၀၀၀ ကျော် ပါဝင်ပြသနှင့်အတူ ပြပွဲက တရုတ်နိုင်ငံနှင့် အာဆီယံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးအတွက်...
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့အခင်းအကျင်းတွင် တောက်ပသောနေရာတစ်ခုအတွက် ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးကို အရှိန်မြှင့်ဆောင်ရွက်ကာ တံခါးဖွင့်ဝါဒ ကြိုးပမ်းဆောင်ရွက်မှုများနှင့် တီထွင်ဆန်းသစ်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှု၌ ကမ္ဘာတစ်ဝန်း အခွင့်အလမ်းသစ်များကို ဖန်တီးပေးလျက်ရှိပေသည်။ စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသော ၂၀၂၄ ခုနှစ်...