ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း၊ ဗင်နီဇွဲလား အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးခြင်း၊ လက်တင်အမေရိကဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ရာ ထို့အပေါ် တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရာတုန်းက...
တရုတ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးသည် နှစ်ဆန်းရက်များအတွင်း ပျားပန်းခတ်မျှတက်ကြွသော စီးပွားရေးလှုပ်ရှားမှုအား သက်သေပြုလျက် အားရဖွယ်ရာ အရှိန်အဟုန်ဖြင့် ၂၀၂၆ ခုနှစ်ကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) ………………….. (English Version) China’s economy kicks off 2026...
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန် ကုန်သည်ကြီးများအသင်း၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ အော်ကလန် စသည့်ဒေသများသို့ သွားရောက်လည်ပတ်ရန်...
နန်ကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းမှ ခရိုင်အဆင့် အုပ်ချုပ်ရေးနယ်မြေများ၏ တက်ကြွအားမာန်ပြည့်သော လက်တွေ့ကျင့်သုံးမှုများကို အခြေခံလျက် ယင်းတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်သစ်အတွက် ခရိုင်စီးပွားရေး အယူအဆအကြောင်းကို နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်သည့် Think Tank အဖွဲ့ အစီရင်ခံစာတစ်စောင်၌ အသေးစိတ်ရှင်းလင်းဖော်ပြထားကြောင်း သိရသည်။...
ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် တရုတ်-အမေရိကန် ကိုယ်စားလှယ်အဖွဲ့များအကြား ကုန်သွယ်စီးပွားဆိုင်ရာ ဆွေးနွေးမှုများအတွင်း ရရှိခဲ့သော ရလဒ်များကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံဘက်က ” fentanyl စည်းကြပ်ခွန်” ဟုဆိုသော စည်းကြပ်ခွန်...
ဘာလင်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ပထမရှစ်လတာအတွင်း တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်တက်ကာ ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာခဲ့သည်ဟု ဂျာမနီ ဖက်ဒရယ်စာရင်းအင်းရုံးက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ထိုအပြောင်းအလဲက အမေရိကန်၏ စည်းကြပ်ခွန်နှင့် ကုန်သွယ်ရေး အတားအဆီးများ၏ သက်ရောက်မှု ကြီးမားလာသည်ကို...
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အကြံပြုချက်များတွင် ခေတ်မီအသွင်ပြောင်း စက်မှုလုပ်ငန်းစနစ် ထူထောင်ရေး၊ လက်တွေ့စီးပွားရေး၏ အခြေခံအုတ်မြစ်များ ခိုင်မာအောင်တည်ဆောက်ရေးတို့ကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အကြီးတန်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။...
မော်စကို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ရုရှားရေနံကုမ္ပဏီများအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များသည် ရုရှား၏ စီးပွားရေးအခြေအနေကို သိသိသာသာ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က အောက်တိုဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ ပူတင်က ထိုပိတ်ဆို့အရေးယူမှုများကို “ရုရှားအပေါ် ဖိအားပေးရန် ကြိုးပမ်းမှု” နှင့် “စိမ်းကားမှု” ဟု...
ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများရှိနေသည့်တိုင် အပြုသဘောဆောင်သော အကြောင်းရင်းစုစည်းမှုများနှင့်အတူ တရုတ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ယမန်နှစ်ကထက် ၅.၂ ရာခိုင်နှုန်း တိုးတက်လာခြင်းနှင့်အတူ နိုင်ငံ၏ စီးပွားရေးမှု တည်ငြိမ်စွာတိုးတက်မှုကို ဖော်ပြလျက်ရှိကြောင်း အောက်တိုဘာ ၂၀ ရက်၌...
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အစိမ်းရောင်အသွင်ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်ဖြစ်ထွန်းမှုများက အဓိကကျသောတန်ဖိုးကို ပေးအပ်လျက်ရှိကာ ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော တည်ငြိမ်မှုနှင့် မောင်းနှင်အား ဖြစ်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ “၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း ပြင်ပပတ်ဝန်းကျင်...