China4 days ago
ကူမင်း တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်တွင် ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုတို့ ပေါင်းစပ်ခြင်းဖြင့် ဈေးဟောင်းကို အားအင်သစ်များဖြင့် သစ်လွင်စေ
ကူမင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နံနက်ခင်းချိန်ခါတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တာ့ကွမ်းကျွမ့် ဟင်းသီးဟင်းရွက်ဈေးသစ်တွင် လူများသွားလာမှုဖြင့် စည်ကားလျက်ရှိသည်။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ၊ တစ်မူထူးခြားသော သွားရည်စာများ အမျိုး စုံစုံလင်လင်ရှိနေသလို နို့ခြောက်ပြားကင်၏ သင်းရနံ့၊ လက်ဖျော်ကော်ဖီ၏ မွှေ့ပျံ့သောသင်းရနံ့များက လမ်းတစ်လျှောက် ပျံ့လွင့်နေသည်။...