ဘရပ်ဆဲလ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် “အကျိုးရှိပြီး ရိုးရှင်းသော” တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ နေတိုး...
စင်ကာပူ/ရန်ကုန် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) နိုင်ငံများစွာရှိ တရုတ်လူမျိုးများသည် ယခုနှစ် နဂါးလှေပြိုင်ပွဲ သို့မဟုတ် zongzi ကောက်ညှင်းထုပ်ပွဲတော် ကာလကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကုန်ဆုံးလွန်မြောက်ခဲ့ကြကြောင်း ၊ ယခင်က နဂါးလှေပြိုင်ပွဲအခါသမယတွင် စည်စည်ကားကားဖြစ်နေသော နေရာများသည် COVID-19 ကပ်ရောဂါ ကန့်သတ်ချက်များအောက်တွင် ပုံမှန်အတိုင်း သက်ဝင်လှုပ်ရှားနိုင်ခဲ့ခြင်းမရှိပေ။ ...
ဝါရှင်တန် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ယူကရိန်းနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ လုံခြုံရေး ဆိုင်ရာ အကူအညီထောက်ပံ့မှုပေးအပ်သွားမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံ ပိုင်နယ်မြေစိုးမိုးရေး နှင့် နေတိုး နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို ထိန်းသိမ်းသွားရန်ဖြစ်ကြောင်း ဇွန်လ...
ပြုံးယမ်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေး အရေးကြီးသော လုပ်ငန်းများကို ဆွေးနွေးရန် ဇွန် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
မနီလာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ပိုလီယိုရောဂါကူးစက်မှုပြန်လည်မြင့်တက်လာပြီးနောက် နှစ်နှစ်နီးပါးမျှအကြာတွင် ရောဂါဖြစ်ပွားမှု အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၁၁ ရက်၌ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဦးစီးဌာန (DOH) အနေဖြင့် ယခုနှစ်...
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ထျန်းဝန်-၁ စူစမ်းလေ့လာရေး အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်သည့် ပထမအသုတ် သိပ္ပံဆိုင်ရာ ဓါတ်ပုံပြပွဲအခမ်းအနားကို တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန(CNSA) က ဇွန် ၁၁ ရက်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့ရာ ဂြိုဟ်ပေါ်သွားယာဉ်“ကျုလုံ”မှ ရိုက်ကူးထားသည့် မြေပြင်ဆင်းသက်နေရာ ရှုမြင်ကွင်း၊ အင်္ဂါဂြိုဟ်၏မြေမျက်နှာသွင်ပြင်၊...
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်အား ဘုံသာယာဝပြောမှုရရှိစေရန်အတွက် သရုပ်ပြဇုန်အဖြစ် တည်ဆောက်ရန် လမ်းညွှန်ချက်ကို ဗဟိုအာဏာပိုင်များက ဇွန် ၁၀ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့က ပူးတွဲထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် ယင်းပြည်နယ်အား ဘုံသာယာဝပြောမှုမြင့်တင်ရေးအတွက် ဥပမာတစ်ခုအဖြစ်ထားရှိနိုင်ရန်...
ပေကျင်း၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တွေ့ရှိရသည့် ဒိုင်နိုဆောခြေရာ ကျောက်ဖြစ်ရုပ်ကြွင်း (၁၁၄)ခုသည် လွန်ခဲ့သည့်နှစ် သန်းပေါင်း (၁၃၅) က တီရိုဆော (Pterosaur)ချန်ရစ်ခဲ့သည့် အရိပ်အရာဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြုခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျောက်တုံးများတွင်...
ကိုလံဘို၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသည် အများပြည်သူ စီးပွားရေးလုပ်ကိုင်ရန် နှင့် စီးပွားရေးကဏ္ဍများတွင် လုပ်သားအင်အားခွင့်ပြုရန် ဆောင်ရွက်နေပြီး ၂၀၂၂ခုနှစ် အစောပိုင်းတွင် နိုင်ငံ့လူဦးရေ အားလုံး COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း ကြည်းတပ်ဗိုလ်ချုပ်ကြီး Silva ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။...
ကျိုချွမ်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လူလိုက်ပါနိုင်သော အာကာသယာဉ် Shenzhou-12 နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံတို့ ပေါင်းစပ်ယာဉ်အား ဂြိုဟ်တုလွှတ်တင်ရေးနေရာသို့ လွှဲပြောင်းခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ (CMSA) က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။ ...