ဝါရှင်တန်၊မေ ၃၀ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့(IMF) ညွှန်ကြားရေးမှူးချုပ် Kristalina Georgieva က တရုတ်နိုင်ငံ၏ ပြည်တွင်း နှင့် ပြည်ပနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံနိုင်အောင် အရှိန်မြှင့်တင် လုပ်ဆောင်ပေးနေသည့် ကြိုးပမ်းအားထုတ်မှုများအပေါ် ချီးကျူးလိုက်ပြီး လက်ရှိကပ်ရောဂါမူဝါဒသည် အကောင်းဆုံးစီးပွားရေးမူဝါဒဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ “ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ လူဦးရေ...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မောင်းသူမဲ့ကား၏ လုံခြုံရေးစမ်းသပ်မောင်းနှင်မှု ခရီးမိုင်ပေါင်း ကီလိုမီတာ ၃ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပေကျင်းမြို့၌ မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုလမ်းကြောင်း ၂၂၆ ခုရှိပြီး စုစုပေါင်း ၇၅၂.၄ ကီလိုမီတာခန့်ရှိလာပြီဖြစ်ကြောင်း Beijing Innovation...
ကိုလံဘို၊ မေ ၂၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအနီး X Press Pearl သင်္ဘောမီးလောင်မှုဖြစ်ပွားပြီးနောက် အဓိက သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်းနှင့် သက်ရောက်မှုအား အကဲဖြတ်လျက်ရှိကြောင်း ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင်အဖွဲ့ (MEPA) က မေ ၂၈ ရက်၌ ပြောကြားခဲ့သည်။ သီရိလင်္ကာ...
အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံတွင် Rashakai အထူးစီးပွားရေးဇုန် တည်ဆောက်မှုဖွင့်ပွဲအခမ်းအနားကို မေ ၂၈ ရက်က ကျင်းပခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ပထမဆုံး စက်မှုဥယျာဉ်၏ ဘက်စုံတည်ဆောက်မှုဖြစ်သည်။ စက်မှုထွန်းကားရေးသည် နိုင်ငံ၏အနာဂတ်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan...
ဝါရှင်တန်၊ မေ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းတို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် ထပ်လောင်းပြောကြားခဲ့ကြပြီး မြောက်ကိုရီးယားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရန် ဆန္ဒရှိကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။ မွန်သည် ဘိုင်ဒန်အစိုးရလက်ထက်တွင် အိမ်ဖြူတော်သို့ တရားဝင်အလုပ်သဘောခရီးစဉ်အဖြစ် ဧပြီလ၌ ဂျပန်နိုင်ငံ...
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ် “ကျုလုံ”သည် ၎င်း၏ဂြိုဟ်ပေါ်ဆင်းသက်သည့်ပလက်ဖောင်းမှ အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ မောင်းနှင်သွားလာနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA)က စနေနေ့တွင် ကြေညာခဲ့သည်။ “ကျုလုံ”၏ ပထမဆုံး အောင်မြင်စွာ မောင်းနှင်သွားလာနိုင်မှုသည် တရုတ်နိုင်ငံကို အမေရိကန်ပြီးလျှင် အင်္ဂါဂြိုဟ်ပေါ်သို့ ဂြိုဟ်ပေါ်သွားယာဉ် ဆင်းသက်မောင်းနှင်နိုင်သည့်...
ရောမ၊ မေ ၂၂ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်း ကြိုးပမ်းအားထုတ်မှုများအား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုဝေးကာ ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ တက်ရောက်သူများ၏ ကတိကဝတ်များ တရားဝင်ဖြစ်ရေးနှင့် အနာဂတ်တွင် ကမ္ဘာ့ကျန်းမာရေးနှင့် ဆက်စပ်သော...
တိဗက်၊ မေ ၂၁ ရက် (ဆင်ဟွာ) ဧဝရတ်တောင်တန်း (ချိုမိုလန်းမားတောင်) အလယ်ပိုင်း ပင်လယ်ရေမျက်နှာပြင်အထက် (၄,၂၀၀) မီတာတွင်ရှိသည့် တိဗက်ဒေသ ကျီလုံခရိုင်တောင်ဘက်ပိုင်းတွင် ဧဝရတ်တောင်၏ တောင်နှင့်မြောက်ကို ဖြတ်သန်းသွားသည့် ကျီလုံတောင်ကြားရှိသည်။ ယင်းနေရာသည် ရှေးအခါက တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံ၊ တောင်အာရှကုန်းမြေသို့ ဆက်သွယ်ရာ အရေးကြီးလမ်းမကြီးဖြစ်ပြီး မြင့်မားသည့်တောင်တန်း၊ ဆီးနှင်းဖုံးလွှမ်းနေသည့်...
ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) “လေယာဉ်တက္ကစီ” ကို အစောဆုံး ၂၀၂၄ ခုနှစ်တွင် အသုံးပြုနိုင်မည်ဟု ဥရောပလေကြောင်းလုံခြုံရေးအေဂျင်စီ (EASA) က မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။ ဥရောပကုမ္ပဏီလုပ်ငန်း (၆)ခုက ခရီးသည်တင် မြို့ပြလေကြောင်း သယ်ယူပို့ဆောင်ရေးယာဉ် သို့မဟုတ် မောင်းသူမဲ့ ကုန်တင်လေယာဉ်ကို...
ဘာလင်၊ မေ ၂၁ ရက်(ဆင်ဟွာ) ယခုနှစ် ပထမသုံးလပတ်တွင် ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်း၏ အကြီးဆုံး တင်ပို့မှုဈေးကွက်ဖြစ်ခဲ့သည့် အမေရိကန်နေရာကို တရုတ်နိုင်ငံက ရောက်ရှိခဲ့ကြောင်း နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှုကဏ္ဍမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်း ပမာဏသည် ယခုနှစ်ပထမသုံးလပတ်တွင် ယူရိုငွေ (၄.၉) ဘီလီယံရှိရာ ပြီးခဲ့သည့်ကာလတူထက် (၂၀.၃)ရာခိုင်နှုန်းတိုးတက်လာပြီး...