ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် အခြေအနေမရှိလျှင်ပင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းအားထုတ်မှုကို မည်သည့်အခါမျှ ရပ်တန့်မည်မဟုတ်ဟု ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အပြောင်းအလဲမရှိသောရပ်တည်ချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ဝမ်က တူရကီနိုင်ငံခြားရေးဝန်ကြီး...
ဂျီနီဗာ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်းနိုင်ငံအား နိုင်ငံအားလုံး အသိအမှတ်ပြုကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ ပညာရှင် ၂၀ ကျော်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇွန် ၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါပညာရှင်များက ပါလက်စတိုင်းသည် ရှင်သန်နိုင်စွမ်း၊ မိမိကံကြမ္မာကို မိမိဆုံးဖြတ်နိုင်စွမ်းနှင့် လုံခြုံရေးအာမခံချက်ရှိသည့်...
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ Chang’e-6 အာကာသယာဉ်၏ လပေါ်သွားယာဉ်သည် လကမ္ဘာတစ်ဖက်စွန်းမှ နမူနာပစ္စည်းများ သယ်ဆောင်လျက် ဇွန် ၄ ရက် နံနက်ပိုင်းတွင် လမျက်နှာပြင်ပေါ်မှ ပျံတက်သွားခဲ့ရာ ယင်းမှာ လူသားများက လကမ္ဘာစူးစမ်းလေ့လာရေးသမိုင်းကြောင်း၌ မကြုံစဖူးသော စွမ်းဆောင်မှုဖြစ်ကြောင်း သိရသည်။ အဆိုပါ လပေါ်သွားယာဉ်သည်...
ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင် ကျင်းပမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအား ကိုးကား၍ နိုင်ငံပိုင်မီဒီယာ MRTV က ဇွန် ၂ ရက်၌...
ဒိုဟာ၊ ဇွန် ၂ ရက် (ဆင်ဟွာ) ဟားမက်စ်နှင့် အစ္စရေးတို့အနေဖြင့် အမေရိကန်နိုင်ငံက အဆိုပြုထားသောအချက်များအပေါ် အခြေခံထားသည့် သဘောတူညီချက်ကို အဆုံးသတ်ကြရေးအတွက် ပူးတွဲဆောင်ရွက်ကြရန် ကာတာ၊ အမေရိကန်နှင့် အီဂျစ်နိုင်ငံတို့က တိုက်တွန်းခဲ့ကြကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇွန် ၂ ရက် ထုတ်ပြန်ချက်အရ သိရသည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများနှင့်...
ပေကျင်း၊ မေ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန်နှင့် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မေ ၃၀ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/TX5 …………………………………….....
ဗီယင်ကျန်း၊ မေ ၃၁ ရက် (ဆင်ဟွာ) မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ တာဝန်ရှိသူများသည် ဒေသတွင်း မူးယစ်ဆေးဝါးဈေးကွက်များ ဆက်လက်ကြီးထွားနေမှုကို တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြသည်။ လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ကုလသမဂ္ဂ မူယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)...
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ ဆက်သွယ်ရေးနှင့် အင်တာနက်လိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၄၉,၀၀၀ ကျော်အား တရုတ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ မေ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၀ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲတက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က မေ ၂၆ ရက်၌ ကြေညာခဲ့သည်။ တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများ၏ သဘောတူညီချက်အရ အဆိုပါ...
ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်နိုင်ငံ သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်သည့် သော်လမ်း (To Lam) ထံ မေ ၂၂ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် တောင်တန်းများနှင့် မြစ်များ ချိတ်ဆက်ထားသည့် ချစ်ကြည်ရင်းနှီးသော ဆိုရှယ်လစ်အိမ်နီးချင်းနိုင်ငံများ...