ဆန်းကျန့်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ အထပ်မြင့်အဆောက်အအုံ မီးသတ်ဒရုန်းတစ်စင်းမှာ ၃၀၆ မီတာ အမြင့်မှ အများဆုံးအကွာအဝေး ၃၆ မီတာအထိ တစ်စက္ကန့်လျှင် ရေလီတာ ၁၆ လီတာနှုန်းဖြင့် ရေဖျန်းကာ သိသာထင်ရှားသော တိုးတက်အောင်မြင်မှုကို လတ်တလော ရရှိခဲ့သည်။ (Xinhua) ………………………………………………...
ဆန်းကျန့်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) မိုးမျှော်တိုက် မီးလောင်မှုကို တရုတ်နိုင်ငံထုတ် ဒရုန်းများဖြင့် မီးငြှိမ်းသတ်နေသည်ကို ဤရုပ်သံဖိုင်တွင်ကြည့်ရှုနိုင်သည်။ တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် မကြားသေးမီက ပြုလုပ်ခဲ့သည့် မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုတစ်ခုတွင် ဒရုန်းများက မီးသတ်ကားများ လက်လှမ်းမမီသော အလွန်မြင့်မားသည့် အထပ်မြင့်နေရာများထိ သွားရောက်ကာ ကယ်ဆယ်ရေးအတွက် ပျံသန်းခဲ့ကြသည်။ (Xinhua) …………………………………….....
ဆန်းကျန့်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အကြီးစား မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုတစ်ခုတွင် မီးသတ်ပိုက်ကြိုးများတပ်ဆင်ထားသော ဒရုန်းများက မီးတောက်လောင်နေသော အထပ်မြင့်အဆောက်အဦမျက်နှာစာပေါ်သို့ ပျံတက်ကာ မီးငြှိမ်းသတ်ခဲ့ကြသည်။ တရုတ်နိုင်ငံ ဆန်းကျန့်မြို့က အဆင့်မြင့် မီးငြှိမ်းသတ်ရေးလေ့ကျင့်မှုကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua) …………………………………….. (English Version) China’s Shenzhen deploys...