နိုင်ရိုဘီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ၌ စားရေရိက္ခာအကူအညီလိုအပ်သူ ၁ ဒသမ ၉ သန်းခန့်ရှိကြောင်းနှင့် ဇွန်လနှင့် ဩဂုတ်လအတွင်း စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှုစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇွန် ၁၈ ရက်နေ့တွင်ပြောသည်။ စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ မိုးနည်းရေရှားအရပ်ဒေသများ၌ ဇွန်-ဇူလိုင်-ဩဂုတ်လများအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့ကပြောသည်။...
“နိုင်ငံပေါင်း ၅၃ နိုင်ငံက လူပေါင်း ၂၂၂ သန်းထက်မနည်းက ၂၀၂၂ ခုနှစ် နှစ်မကုန်မီမှာ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု လှုပ်ရှားသူများက ပြောကြားခဲ့ပြီး နိုင်ငံ ၃၇ နိုင်ငံရှိ ပြည်သူ ၄၅ သန်းမှာ ငတ်မွတ်ခြင်းအန္တရာယ်ရှိကြောင်း ဖြည့်စွက်ပြောခဲ့သည်။ (Xinhua) ………………………………………………...