— ပေါ်တူဂီက စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ နေးရှင်းလိဂ် ဆုဖလားကို ဒုတိယအကြိမ် ဆွတ်ခူး ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပေါ်တူဂီအသင်းနှင့် စပိန်အသင်းတို့ မြူးနစ်မြို့တွင် ဇွန် ၈ ရက်က အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပုံမှန်ပွဲကစားချိန် ပြီးဆုံးသည်အထိ တစ်ဖက်နှစ်ဂိုးစီ သရေကျနေသည့်အတွက်...
— နည်းပြအန်ဆယ်လော့တီ၏ အကျိုးပြုနိုင်မှုအပေါ် ဘရာဇီးနောက်ခံလူ မာကွင်ဟိုစ် ချီးကျူး ဘရာဇီးလက်ရွေးစင်အသင်းအပေါ် နည်းပြသစ် ကာလိုအန်ဆယ်လော့တီ၏ ကနဦး အကျိုးပြုနိုင်မှုအပေါ် နောက်ခံလူ မာကွင်ဟိုစ်က ချီးကျူးခဲ့ပြီး အန်ဆယ်လော့တီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အရေးကြီး ခြေစစ်ပွဲများအတွက် ပြင်ဆင်နေသည့် ဘရာဇီးအသင်းအတွက် စိတ်ဓာတ်ခွန်အားများ ဖြည့်တင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာပြီးနောက်...
— ကွန်ဖရန့်စ်လိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းက စမှတ်ဖြစ်နိုင်ဟု ချဲလ်ဆီးနည်းပြ မာရက်စကာ ဆို မေ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲ၌ ရီးရဲလ်ဘက်တစ်အား ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက ၎င်း၏ကစားသမားများအနေဖြင့် အလွန်ကောင်းမွန်သော အသင်းအဖွဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့သည်ဟု ချီးကျူးပြောဆိုခဲ့သည်။...
— ပရီးမီးယားလိဂ်တွင် မန်စီးတီး၊ ချဲလ်ဆီးနှင့် နယူးကာဆယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ ပရီးမီးယားလိဂ်တွင် ချန်ပီယံအသင်းနှင့် တန်းဆင်းရမည့် အသင်းများမှာ အစောပိုင်းကတည်းက အဖြေထွက်ခဲ့ပြီးဖြစ်သဖြင့် ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ လာမည့်ရာသီ၌ ဥရောပဝင်ခွင့် ရရှိရေးအတွက်သာ အဓိကယှဉ်ပြိုင်ခဲ့ကြသည်။ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် အသင်းငါးသင်းက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ကျန်နှစ်သင်းကမူ ကွန်ဖရန့်စ်လိဂ် ဝင်ခွင့်တစ်နေရာအတွက်...