ဂျေရုဆလင်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်လက်နက်ကျွမ်းကျင်သူတစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး ရာဖာမြို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း အစ္စရေးတပ်မတော်က ဇွန် ၂၄ ရက်တွင် ပြောကြားသည်။ ဟားမက်စ်လက်နက်ထုတ်လုပ်ရေးဌာနချုပ်ရှိ စီမံကိန်းနှင့် ဖွံ့ဖြိုး ရေးတာဝန်ခံ မိုဟာမက်ဆာလာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ရှင်းလင်းခဲ့ကြောင်း၊ ဆာလာသည် ဗျူဟာမြောက်လက်နက် ထုတ်လုပ် ရေးစီမံကိန်းတစ်ခု၏...
ဂါဇာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ကြားဝင်ညှိနှိုင်းပေးသူများဖြစ်သည့် ကာတာနိုင်ငံနှင့် အီဂျစ်နိုင်ငံထံသို့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် တုံ့ပြန်မှုပေးခဲ့ကြောင်း၊ ၎င်းမှာ ဂါဇာကမ်းမြောင်ဒသ၌ အစ္စရေး၏ ဆက်တိုက် ကျူးကျော်နေမှုကို ရပ်တန့်ရမည် ဖြစ်ပြီး ဂါဇာဒေသတစ်ခုလုံးမှ ထွက်ခွါရမည်ဖြစ်ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်)နှင့် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်...
ဂျေရုဆလမ်၊ ဇွန် ၃ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းသိမ်းထားသော ဓားစာခံအား လွှတ်ပေးရေးဆိုင်ရာ ဟားမက်စ်၏ မူကြမ်းပါအချက်အများစုကို အစ္စ္စရေးနိုင်ငံက သဘောတူလက်ခံသည့်အကြောင်းကို ကာတာနိုင်ငံမှတစ်ဆင့် ဟားမက်စ်အဖွဲ့ထံ အသိပေးခဲ့ကြောင်း ဇွန် ၂ ရက်၌ အစ္စရေးနိုင်ငံပိုင် Kan TV သတင်းထုတ်လွှင့်ချက်အရ သိရသည်။ (Xinhua) …………………………………….....
ဂါဇာ၊ မေ ၂၈ ရက် (ဆင်ဟွာ) ဂါဇာဒေသ တောင်ဘက်စွန်းရှိ ရာဖာမြို့ကို အစ္စရေးက မေ ၂၆ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် အကျဉ်းသားလဲလှယ်ရေး စသော မည်သည့် ဆွေးနွေးညှိနှိုင်းမှုမျိုးကိုမျှ ပါဝင်တော့မည်မဟုတ်ကြောင်း ဟားမက်စ်က ကြားဝင်စေ့စပ်သူများအား အကြောင်းကြားခဲ့သည်။ ရာဖာမြို့အနီး...
ဂျေရုဆလမ်၊ မေ ၂၇ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် မေ ၂၆ ရက်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အနောက်ဘက်ကမ်းဒေသ ဟားမက်စ် စစ်ဦးစီးချုပ် Yassin Rabia သေဆုံးသွားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က မေ ၂၇ ရက်၌ ကြေညာခဲ့သည်။ (Xinhua)...
ဂျေရုဆလမ်၊ မေ ၁၃ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမြို့ ရာဖာ၌ ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အား တိကျသောတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က မေ ၁၂ ရက်တွင် ဗီဒီယိုမိန့်ခွန်း၌...
ကုလသမဂ္ဂ၊ မေ ၂ ရက် (ဆင်ဟွာ) အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) လူသားချင်းစာနာထောက်ထားရေး အပစ်အခတ် ရပ်စဲမှု စသည့် သဘောတူညီချက်များရရှိအောင် ဆောင်ရွက်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်တွင်...
ဂါဇာ၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အကြီးတန်းခေါင်းဆောင် အိုစမာ ဟမ်ဒါက ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ “တိုးတက်မှုမရှိ”ဟု ဧပြီ ၄ ရက်နေ့တွင် ပြောခဲ့သည်။ အပစ်အခတ်ရပ်စဲရေးရရှိရန် ဟားမက်စ်က အပြုသဘောဆောင်သော လိုက်လျောမှုများ...
ဂျေရုဆလမ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အစ္စရေးကာကွယ်ရေးတပ် (IDF) က ဟားမက်စ် ဒုတိယ စစ်ဘက်ခေါင်းဆောင် မာဝန်အစ်ဆာ (Marwan Issa) နေထိုင်သည်ဟု ယူဆထားသည့် ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်တစ်ခုကို မတ် ၁၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အစ္စရေး၏ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုအတွင်း...
ဂါဇာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်သည် မြေပြင်စစ်ဆင်ရေးစတင်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ နယ်မြေများမှ တပ်ဖွဲ့ရုပ်သိမ်းခဲ့ကြောင်း မျက်မြင်သက်သေများက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။ ထိုသို့ရုပ်သိမ်းခြင်းမှာ အစ္စရေးတပ်ဖွဲ့များ အပြီးသတ်ရုပ်သိမ်းခြင်းလော သို့မဟုတ် နေရာရွှေ့ပြောင်းရုံမျှသာ ရုပ်သိမ်းခြင်းလော ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊...