ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ (CCG) က တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင်ကျွန်းနှင့် အနီးတစ်ဝိုက်ရှိ ရေပိုင်နက်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်မှုများကို အောက်တိုဘာ ၃၁ ရက်က ပြုလုပ် ခဲ့သည်။ CCG ၏ ထုတ်ပြန်ချက်၌ အောက်တိုဘာလဆန်းပိုင်းမှစ၍ ဟွမ်ရန်သောင်ရေပိုင်နက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကင်းလှည့်မှုများကို...
													
																									ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်ကမ်းခြေစောင့်တပ် (CCG) သည် အောက်တိုဘာ ၁၆ ရက်တွင် ဥပဒေနှင့် စည်းမျဉ်းများနှင့်အညီ ဖိလစ်ပိုင်လေယာဉ်နှစ်စင်းကို တရုတ်၏ ဟွမ်ရန်သောင်ဝေဟင်မှ ခြေရာခံ စောင့်ကြည့်ကာ သတိပေးနှင်ထုတ်ခဲ့သည်။ မကြာသေးမီက ဖိလစ်ပိုင်သည် အခြေအမြစ်မရှိသော အကြောင်းပြချက်အမျိုးမျိုးဖြင့် ဟွမ်ရန်သောင်ကျွန်းအနီး ရေပိုင်နက်နှင့် ဝေဟင်အနီးသို့...
													
																									ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တရုတ်တပ်မတော်က ဟွမ်ရန်သောင်ကျွန်း၏ ရေပိုင်နက်အနီးဝန်းကျင်နှင့် ဝေဟင်တွင် တိုက်ခိုက်ရေးအသင့်အနေအထား ကင်းလှည့်မှုများကို စက်တင်ဘာလမှစ၍ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက်က တရားဝင်ထုတ်ပြန်ခဲ့မှုအရ သိရသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်း စစ်ဒေသကြီး၏ ထုတ်ပြန်မှုအရ ဆက်စပ်ဒေသများ၏ ထိန်းချုပ်စီမံမှုကို ပိုမိုအားကောင်းလာစေရေး၊...
													
																									ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ တရုတ်နိုင်ငံက ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်ကို တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်ထူထောင်ရေးအတွက် သဘာ၀အရင်းအမြစ်များဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်တောင်းခံလာမှုအား တရုတ်နိုင်ငံတော်ကောင်စီက လက်ခံအတည်ပြုပေးခဲ့ကြောင်း ဗဟိုအစိုးရ ဝက်ဘ်ဆိုက် (www.gov.cn) ၌ စက်တင် ၁၀...
													
																									ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဟွန်ရန်သောင်ကျွန်းကို အမျိုးသားသဘာဝထိန်းသိမ်းရေးဇုန်အဖြစ် တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက “အပြင်းအထန်ကန့်ကွက်ကြောင်း” ပြောကြားချက်နှင့် စပ်လျဉ်း၍ မေးခွန်းအား ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ အကြောင်းမဲ့ပြစ်တင်ဝေဖန်မှုများနှင့် “ကန့်ကွက်မှု” ကို လက်မခံကြောင်း၊ ဖိလစ်ပိုင်အနေဖြင့် အခွင့်အရေးချိုးဖောက်ရန်စမှု၊...
													
																									ပေကျင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ဟွမ်ယန်သောင်တွင် တစ်ဖန်လုပ်ဆောင်လာသည့် သဘောတူညီချက်ချိုးဖောက်သော လှုပ်ရှားမှုများနှင့် ကျူးကျော်ရန်စမှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ နယ်မြေပိုင်နက်၊ ပင်လယ်ရေကြောင်းအခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင်အမာ...