Nevatim လေတပ်အခြေစိုက်စခန်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အစ္စရေးကို အီရန်၏ ဒုံးကျည်၊ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းသည် “မကြုံစဖူး” ဖြစ်ကာ “လက်တုံ့ပြန်သွားမည်” ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Halevi က ဧပြီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)...
ကုလသမဂ္ဂ၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အစ္စရေးကို အီရန် တိုက်ခိုက်မှုနှင့်စပ်လျဉ်းသည့် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဧပြီ ၁၄ ရက်တွင် ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ သိုက်ပင်းက တင်းမာမှုများ တစ်ဆင့်တိုး ပြင်းထန်လာခြင်းကို ရှောင်ရှားရေး သက်ဆိုင်ရာဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။...
ဂျေရုဆလမ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံက အစ္စရေးနိုင်ငံအား ဧပြီ ၁၃ ရက် ညနှောင်းပိုင်း၌ ဒုံးကျည်နှင့် ဒရုန်း အစင်းရေ ၃၀၀ ကျော်ဖြင့် ပထမဆုံးတိုက်ရိုက်တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်တပ်က ၉၉ ရာခိုင်နှုန်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဧပြီ ၁၄ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)...
ဒမတ်စကပ်စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်၌ ပြီးခဲ့သောသီတင်းပတ်က အစ္စရေးတိုက်ခိုက်မှုကြောင့် ယခင်ကောင်စစ်ဝန်ရုံး ဖျက်ဆီးခံရပြီးနောက် ကောင်စစ်ဝန်ရုံးအဆောက်အအုံသစ်အား အီရန်နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian က ဧပြီ ၈ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua) …………………….. (English...
တီဟီရန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ Shahr-e Aftab International Exhibition Center ၌ ၅ ကြိမ်မြောက် တီဟီရန် မော်တော်ကားပြပွဲကို ဇန်နဝါရီ ၂၉ ရက်က စတင်ကျင်းပခဲ့သည်။ မော်တော်ကားထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်၊တင်သွင်းခြင်းဆိုင်ရာ...
တီဟီရန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ အာကာသမှတ်တမ်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ တီထွင်ထုတ်လုပ်ထားသည့် ဂြိုဟ်တု ၃ စင်းအား ဇန်နဝါရီ ၂၈ ရက်တွင် အာကာသအတွင်းသို့ တစ်ပြိုင်နက်လွှတ်တင်ခဲ့ကြောင်း ISNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ယင်းဂြိုဟ်တုများကို ကမ္ဘာမြေမျက်နှာပြင်အထက် အနိမ့်ဆုံးအမြင့် ၄၅၀ ကီလိုမီတာရှိသည့်...
ဘဂ္ဂဒက် ၊ ဇန်နှဝါရီ ၂၉ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် ပထမဆုံးအကြိမ်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံဦးဆောင်သော မဟာမိတ်တပ် အီရတ်နိုင်ငံတွင် ဆက်လက်တည်ရှိနေမှုနှင့်ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အီရတ်နိုင်ငံဝန်ကြီးချုပ်ရုံးပြန်ကြားရေးဌာန၏ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။ ထုတ်ပြန်ကြေညာချက်တွင် အီရတ်နိုင်ငံ ဝန်ကြီးချုပ်က တွေဆုံးဆွေးနွေးမှုကို ဦးဆောင်ပါဝင်ခဲ့ပြီး အခြားအသေးစိတ်အချက်အလက်များကို...
တီဟီရန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ မြို့တော် တီဟီရန်ရှိ ဂန္ဒီဆေးရုံတွင် ဇန်နဝါရီ ၂၅ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် လူသေဆုံးမှုမရှိခဲ့ကြောင်း IRNA တရားဝင်သတင်းအေဂျင်စီအရ သိရသည်။ အဆိုပါ မီးလောင်မှုသည် ဒေသစံတော်ချိန် ၁၉:၀၀ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချင်းဖြစ်နေရာသို့ မီးသတ်သမားများ...
တီဟီရန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အီရန်စစ်တပ်က ပြည်တွင်းထုတ် ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်း ပမာဏအများအပြားကို ဇန်နဝါရီ ၂၃ ရက်က ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါပေးအပ်ခဲ့သည့် ဒရုန်းများက စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးလိမ့်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက အခမ်းအနား၌ ပြောကြားခဲ့သည်။...
ပေကျင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား ယင်းနှစ်နိုင်ငံ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ဆက်ဆံရေးမြှင့်တင်ရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့်...