ဘဂ္ဂဒက် ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) အီရတ်လုံခြုံရေးတပ်ဖွဲ့က သြဂုတ် ၂၅ ရက်တွင် အီရတ်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ Mosul မြို့အနီးတွင် စစ်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ IS အစွန်းရောက်လက်နက်ကိုင် ၁၀ ဦး အား သုတ်သင်ရှင်းလင်း ခဲ့ကြောင်း အီရတ်နိုင်ငံ စစ်ဘက်ဆိုင်ရာက ယင်းနေ့ပြောကြားခဲ့သည်။
ဒမတ်စကပ်စ် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) မကြာသေးမီကာလက ဆီးရီးယားနှင့်အီရတ်နယ်စပ်ရှိ IS အစွန်းရောက်အဖွဲ့တပ်ကျန်များ ကို ရှင်းလင်းခဲ့ပြီး နယ်မြေ စတုရန်းကီလိုမီတာ ၁၈၀၀ ခန့်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ဇွန် ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။