Asia3 years ago
ဖိလစ်ပိုင်နိုင်ငံ Leyte ပြည်နယ်၌ တိုင်ဖွန်း မုန်တိုင်း “Rai”၏ တိုက်ခတ်မှုများ
လေးတိပ်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) တိုင်ဖွန်း မုန်တိုင်း”Rai”၏ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံဒေသအမြောက်အမြားတွင် သဘာဝဘေးဒဏ်သင့်သည့်အနေအထားဖြစ်နေရာ ကူညီကယ်ဆယ်မှုများနှင့် ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒီဇင်ဘာ ၂၁ ရက်ညပိုင်းတွင် ကြေညာခဲ့သည်။ ”Rai”သည် ဖိလစ်ပိုင်တွင် ယခုနှစ်အတွင်း ကြုံတွေ့ရသည့် အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်းများအနက် တစ်ခုဖြစ်သည်။...