Asia19 hours ago
ယောကျ်ားလေးများတွင် အိပ်ချိန်ပုံမှန်ရရှိမှုနှင့် အဝလွန်မှုအန္တရာယ်လျော့ကျခြင်း ဆက်စပ်နေဟု စင်ကာပူ သုတေသနကဆို
စင်ကာပူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့်သုတေသနအေဂျင်စီ၏ လေ့လာချက်အသစ်အရ ရက်သတ္တပတ်လုံး ညစဥ် ကိုးနာရီနှင့်အထက် တောက်လျှောက်အိပ်သည့် ယောကျ်ားလေးများသည် အိပ်ချိန်မလုံလောက်သူများနှင့် နှိုင်းယှဥ်ပါက အဝလွန်နိုင်ခြေ ၅၁ ရာခိုင်နှုန်းလျော့နည်းကာ ဝမ်းဗိုက်အဆီသိသိသာသာနည်းပါးသည်ကို တွေ့ရှိခဲ့သည်။ လေ့လာမှုတွင် စင်ကာပူနိုင်ငံ၏ အဓိကမျိုးနွယ်စု သုံးခုမှ ကလေး...