ဒရုန်းအစင်းရေ ၁၆,၀၀၀ နီးပါး ပါဝင်သည့် ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်း အလှပြပွဲက တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် လျိုယန်မြို့ ညကောင်းကင်ယံကို ထွန်းလင်းတောက်ပစေခဲ့သည်။ လျိုယန်မြို့မှာ ဒရုန်းဖြင့် သရုပ်ဖော်သည့် ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းအလှပြပွဲကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ ကိုယ်တိုင်စီးမျောခံစားနိုင်သည့် ကြည်နူးဆွတ်ပျံ့ဖွယ် မြင်ကွင်းကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua) ………………....
ချန်ရှား၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) “လျိုယန်မြစ်နှင့် မီးတောက်တွေ့ဆုံမှု – နွေလအချိန်ခါ မီးရှူးမီးပန်းည” ခေါင်းစဉ်ဖြင့် ဆန်းသစ်တီထွင်မှု မီးရှူးမီးပန်းပွဲကို ဇူလိုင် ၁၂ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် လျိုယန်မြို့ ထျန်းခုန်းဇာတ်ရုံ၌ ကျင်းပခဲ့ရာ ခရီးသွားဧည့်သည်အများအပြား လာရောက်ရှုစားရန် ဆွဲဆောင်ခဲ့သည်။ လျိုယန်မြို့သည်...