China7 months ago
“နိုင်ငံတကာအသွင်၊ သိပ္ပံနည်းပညာခံစားချက်၊ ယဉ်ကျေးမှု အငွေ့အသက်” တို့ဖြင့် ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး မီဒီယာစင်တာ စတင်ဖွင့်လှစ်
ထျန်းကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး မီဒီယာစင်တာကို ဩဂုတ် ၂၈ ရက်တွင် တရားဝင် စတင်အသုံးပြုခဲ့သည်။ မီဒီယာစင်တာသည် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ ဒုတိယအဆင့်၌ တည်ရှိသည်။ ဧရိယာ...