Media2 years ago
တရုတ်နိုင်ငံ ကွမ်ရှီးဒေသ၌ ရွှေ့ပြောင်းငှက် ၁၀,၀၀၀ ကျော် ဆောင်းခိုလျက်ရှိ
နန်နင်း ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖောင်ချိန်ကန်မြို့၌ နှစ်ကူးနွေဦးပွဲတော်ကာလအတွင်း ရွှေ့ပြောင်းငှက် ၁၀,၀၀၀ ကျော် ခရီးတစ်ထောက် ရပ်နားခဲ့ကြောင်း သိရသည်။ ရွှေ့ပြောင်းကျက်စားကြသည့်ငှက်များထဲတွင် ဇွန်းပုံသဏ္ဌာန်နှုတ်သီးရှိသည့် ရေညှောင့်ငှက်ကဲ့သို့ မျိုးတုံးပျောက်ကွယ်လုနီးပါး ရှိသည့် ငှက်မျိုးစိတ်များ ပါဝင်ကြောင်း သိရသည်။ (Xinhua)...