Asia3 years ago
ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို မြောက်ကိုရီးယားက အသိအမှတ်ပြု၊ ထို့အပေါ် တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်
ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို မြောက်ကိုရီးယားနိုင်ငံက အသိအမှတ်ပြုကြောင်း KCNA သတင်းအေဂျင်စီက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-huiက ဒွန်းနက်စ်နှင့်လူးဟန့်စ်ခ်၏လွတ်လပ်ရေးကို အသိအမှတ်ပြုသည်ဟု ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။ မြောက်ကိုရီးယား၏ဤဆုံးဖြတ်ချက်အပေါ် ပြစ်တင်ရှုတ်ချကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။...