Media3 years ago
ရုရှားနိုင်ငံက ယခုနှစ်ကုန်တွင် နိုင်ငံ၏ပထမဆုံး Sarmat ပဲ့ထိန်းဒုံးကျည်စနစ်ကို တပ်ဖြန့်ချထားမည် ဟု ပူတင်ဆို
မော်စကို၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတက နိုင်ငံ၏ပထမဆုံး Sarmat တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ်ကို ယခုနှစ်ကုန်ပိုင်းတွင် စစ်မြေပြင်၌ စတင်တပ်ဖြန့်ချထားမည်ဟုဆိုသည်။ စစ်ဘက်ဆိုင်ရာအကြီးအကဲများနှင့် အစည်းအဝေးအတွင်း ပူတင်က “ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေနဲ့အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး မိမိတို့ရဲ့ တပ်မတော်ကို ပိုမိုအင်အားတောင့်တင်းပြီးဖွံ့ဖြိုးတိုးတက်စေဖို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း”ဆိုသည်။ အလားတူ ယူကရိန်းနိုင်ငံဘက်ကလည်း ဂျာမနီနိုင်ငံထုတ် ၁၅၅ မီလီမီတာ...