ကြီးမားသော သဘာဝဘေးအန္တရာယ်များကို “အာကာသ-ဝေဟင်-မြေပြင်” တို့မှ ပေါင်းစည်းစောင့်ကြည့်နိုင်စွမ်း မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ရသော လျှပ်စစ်သံလိုက်စွမ်းအင်သုံး စောင့်ကြည့်ရေး ဂြိုဟ်တုတစ်စင်းကို တရုတ်နိုင်ငံက ဇွန် ၁၄ ရက်၌ လွှတ်တင်ခဲ့သည်။ Long March-2D သယ်ဆောင်ရေးဒုံးပျံတစ်စင်းအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ရာ Zhangheng 1-02 ဂြိုဟ်တုအား...
တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုသစ်တစ်စင်းကို နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသထဲသို့ မေ ၁၃ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၉ မိနစ်က Long March-3C ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည့် အဆိုပါဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့...
တရုတ်နိုင်ငံက အဝေးထိန်း အာရုံခံစနစ်သုံး ဂြိုဟ်တုသစ်တစ်စင်းအား နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ ဒီဇင်ဘာ ၄ ရက်၌ လွှတ်တင်ခဲ့သည်။ Kuaizhou-1A (KZ-1A) သယ်ယူပို့ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်၌ လွှတ်တင်ခဲ့သည့် synthetic aperture radar (SAR)...