ဟာအယ်ပင်း၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်း၏ ၂၈၀ ကီလိုမီတာ အကွာရှိ “ဆောင်းနှင်းဖွေးဖွေး မြို့ကလေး”၌ နှင်းရောင်ဖွေးဖွေးရှုခင်းများက နှစ်သစ်ကူး နွေဦးပွဲတော်ကာလတွင် ခရီးသွားများကို ရင်သပ်ရှုမောဖွယ်ရာ ကြိုဆိုလျက်ရှိသည်။ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ယင်းမြို့ကလေးတွင် ရိုးရာလှုပ်ရှားမှုပွဲအမျိုးမျိုးကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)...
နန်နင်း ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့၌ ညစီးပွားရေးကဏ္ဍသည် နှစ်သစ်ကူးနွေဦးပွဲတော်အားလပ်ရက်အတွင်း ပြန်လည်စတင်လာခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ်သူများအား ဆွဲဆောင်ရန် မီးထွန်းပွဲ ၊ စတန့်ဖျော်ဖြေတင်ဆက်မှုများ အပါအဝင် အမျိုးမျိုးသော လှုပ်ရှားမှုများ စီစဉ်ထားကြောင်း သိရသည်။ ယခုနှစ်၏...
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူကျိုးမြို့တွင် နှစ်သစ်ကူး နွေဦးပွဲတော် အထိမ်းအမှတ် ရင်သပ်ရှုမောဖွယ် မီးအလင်းရောင်များနှင့်မီးပန်းများကို ပြသခဲ့သည်။ (Xinhua) ………………………………………….. (English Version) GLOBALink | Lights and fireworks show celebrating the Spring Festival held in...
နှစ်သစ်ကူးနွေဦးပွဲတော်အတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ကမ္ဘာမြေအထက် ကီလိုမီတာ ၄၀၀ ခန့်တွင် ဂြိုဟ်ပတ်လမ်းအတိုင်း ပတ်နေသည့် တရုတ်နိုင်ငံ၏ ထျန်းကုန်းအာကာသစခန်း၌ အာကာသနှင့် ပတ်သက်သည့် အထူးဓာတ်ပုံပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua) …………………………….. (English Version) Photo exhibition held on China’s space station...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ၎င်းပွဲတော်သည် တရုတ်လူမျိုးများအတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်ရက်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကြိုဆိုခြင်း၊ မိသားစုများ ပြန်လည်ဆုံဆည်းခြင်း ဟူသော ဆန္ဒမွန်များကို ဖော်ဆောင်နေပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်ရိုးရာယုန်နှစ်ကို ကြိုဆိုဂုဏ်ပြုရင်း တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်လူမျိုးများ၏ ရိုးရာပွဲတော်များအနက် အစည်ကားဆုံးဖြစ်သော တရုတ်နှစ်သစ်ကူးပွဲတော် အချိန်အခါသမယမှာ မကြာမီရောက်ရှိလာပါတော့မည်။ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို မိသားစုများ စုံစုံညီညီ၊ မိတ်ဆွေများ သိုက်သိုက်ဝန်းဝန်းဖြင့် ကြိုဆိုကြခြင်းသည်လည်း တရုတ်နှစ်သစ်ကူးပွဲတော်၏ အမှတ်လက္ခဏာတစ်ခုပင် ဖြစ်ပါသည်။ နှစ်သစ်ကူးချိန်ခါကို အတူကြိုဆိုရင်း မိသားစုများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး...
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နှစ်ကူးနွေဦးပွဲတော်သည် တရုတ်လူမျိုးများ၏ ကြီးကျယ်ခမ်းနားသည့် ရိုးရာပွဲတော်ဖြစ်ပြီး ဆွေမျိုးမိတ်ဆွေများနှင့်ဆုံဆည်း၍ ပျော်ရွှင်ကြည်နူးဖွယ်ရာများကို အတူမျှဝေကြသည့် အရေးကြီးပွဲတော်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ယုန်နှစ် နှစ်ကူး နွေဦးပွဲတော် ရောက်ရှိတော့မည့် အခါသမယတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာက “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲ၊ “ဆုံဆည်းပျော်မြူး...
ယခုနှစ် ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ရက်ပေါင်း ၄၀ ကြာ နှစ်ကူး နွေဦးပွဲတော် ခရီးသွားလာမှုများပြားချိန်ကာလတွင် သယ်ယူပို့ဆောင်ရေးနှင့်ကုန်စည်ထောက်ပို့ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဌာနက အပြည့်အဝ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua) …………………………………… (English Version) China...
တရုတ်နိုင်ငံ တာဝန်ရှိသူများက လာမည့် နှစ်သစ်ကူး နှင့် နွေဦးပွဲတော် အားလပ်ရက်များ နှင့် ဆက်စပ်သည့် လုပ်ငန်းများဆိုင်ရာ ကြော်ငြာစာတွင် COVID-19 ရောဂါတုံ့ပြန်ရေး ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှု အဆင့်များ အဆင်ပြေချောမွေ့စွာ ကူးပြောင်းရေး လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ (Xinhua) ……………………………. (English Version) China urges...
ပေကျင်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) Shenzhou-13 အာကာသယာဉ်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး ပွဲတော်ဖြစ်သော တရုတ်နှစ်သစ်ကူးကို အာကာသပြင်ပတွင် အချိန်ကုန်ဆုံးသော ပထမဆုံး တရုတ်နိုင်ငံသားများ ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ လူတင်အာကာသအေဂျင်စီက နှစ်သစ်ကူးအကြိုအတွက် ထုတ်ပြန်သော ဗီဒီယိုတွင် အာကာသယာဉ်မှူးများဖြစ်သော ကျိုက်ကျစ်ကန်း (Zhai Zhigang) ၊...