ကွမ်ကျိုး ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုး၌ နိုင်ငံတကာ စက်ရုပ်ဖြင့် ခွဲစိတ်ကုသမှုလေ့ကျင့်ရေးစင်တာအား စက်တင်ဘာ ၁၉ ရက်တွင် တရုတ် ၊ အမေရိကန် အဖွဲ့အစည်းများက ပူးတွဲတည်ထောင်ခဲ့ကြောင်း သိရသည်။ ယင်းစင်တာအား UC Berkeley နှင့်...
ရှီးအန်း ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးအန်း မှ သုတေသနအဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက ဗီဇပြုပြင်ထားသောဝက်တစ်ကောင်၏ အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများကို မျောက်လေးကောင်ကိုယ်တွင် အစားထိုးခဲ့ပြီး ၎င်းတို့အားလုံးသည် အခြေအနေကောင်းမွန်နေကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
ဆာအိုပေါ်လို ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ၎င်း၏ အူမကြီးအတွင်းရှိ အကျိတ်ဖုအား ခွဲစိတ်ဖယ်ရှားလိုက်ပြီးနောက် ဆေးရုံတွင် ပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။ အသက် ၈၀ နှစ်အရွယ်ရှိ ပီလီသည် အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်နေထိုင်နေရသော်လည်း စက်တင်ဘာ ၇ ရက်တွင် အထွေထွေကုသဆောင်သို့ ပြောင်းရွှေ့ကုသမှုခံယူရန် မျှော်လင့်ရကြောင်း...