Sino-Myanmar1 year ago
တရုတ်နိုင်ငံ တိုင်းရင်းဆေးအဖွဲ့က မြန်မာနိုင်ငံတွင် အခမဲ့ ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ (သတင်းဆောင်းပါး)
ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) မိုးဖွဲဖွဲကျနေသည့် ရန်ကုန်မြို့၏ နံနက်ခင်းတစ်ခုတွင် တရုတ်တိုင်းရင်းဆေး ဆရာဝန်နှင့်ပြသလိုသူ ဒေသခံများက ယာယီဆေးခန်းတွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက်ရှိသည်။ အဆိုပါ ကုသိုလ်ဖြစ် ပရဟိတဆေးခန်းလေးဖြစ်မြောက်အောင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ပြည်ပရောက် တရုတ်နွယ်ဖွား အသင်းချုပ်နှင့် မြန်မာနိုင်ငံ ဖူကျန့်ကုန်သည်ကြီးများ အသင်းက အတူလက်တွဲဆောင်ရွက်ခြင်း...