ရာမာလာ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) အစ္စရေးအနေဖြင့် အနောက်ဘက်ကမ်းဒေသ အထူးသဖြင့် မြောက်ပိုင်းဒေသများတွင် လူသတ်မှု၊ အတင်းအကျပ် နေရပ်ရွှေ့ပြောင်းမှု၊ အိမ်ရာအဆောက်အအုံများကို ဖျက်ဆီးမှု စသော ရာဇဝတ်မှုများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စစ်ပွဲဆင်နွှဲနေသည်ဟု ပါလက်စတိုင်းဘက်က ဖေဖော်ဝါရီ ၁၉ ရက်၌ စွပ်စွဲပြောကြားခဲ့သည်။ အစ္စရေးတပ်ဖွဲ့ဝင်များက ဂျီနင်မြို့၊...
သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းတွင် အကြီးစား စစ်ဆင်ရေးလုပ်ဆောင်မှုကို တိုးချဲ့လိုက်ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်၌ ပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်၌ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိခဲ့သည်ဟု ပါလက်စတိုင်းဘက်မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။...
အစ္စရေး၏ ပိတ်ပင်မှု စတင်အသက်ဝင်လာပြီ ဖြစ်သော်လည်း ကုလသမဂ္ဂ၏ ပါလက်စတိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ကို ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၃၀ ရက်၌ ပြောကြားခဲ့သည်။ UNRWA အား အစ္စရေးနိုင်ငံအတွင်း လည်ပတ်လုပ်ကိုင်ခွင့် ပိတ်ပင်သည့် ဥပဒေနှစ်ရပ်အား အစ္စရေး ပါလီမန်က...
ရာမာလာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး သဘောတူစာချုပ်သည် ဇန်နဝါရီ ၁၉ ရက်တွင် တရားဝင် အသက်ဝင်ခဲ့သည်။ အစ္စရေးစစ်တပ်က ရက်ပေါင်းဆက်တိုက် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခြင်းကြောင့် ပါလက်စတိုင်းသားများ သေဆုံးဒဏ်ရာရခြင်းအပေါ် ရှုတ်ချကြောင်း အီဂျစ်၊ အီရတ်...
အစ္စရေးအနေဖြင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့ကာ လူ ၁၀ ဦးထက်မနည်းကို သုတ်သင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ ပါလက်စတိုင်း သတင်းရင်းမြစ်များကမူ ဒဏ်ရာရရှိသူမှာလည်း ဒါဇင်ပေါင်းများစွာရှိကြောင်း ပြောဆိုထားသည်။ ဇန်နဝါရီ ၂၁ ရက်၌ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်...
ရာမာလာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသရှိ ဂျီနင်မြို့တွင် ၁၀ ရက်ကြာ စစ်ဆင်ရေးလုပ်ဆောင်မှုအတွင်း လူ ၂၁ ဦး သေဆုံးခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်တွင် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းခဲ့ကြောင်း ပါလက်စတိုင်းနှင့် အစ္စရေး သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။...
ရာမာလာ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဩဂုတ် ၂၈ ရက်မှစ၍ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၂၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က ဩဂုတ် ၃၀ ရက်တွင်...
ကုလသမဂ္ဂ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ) အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးများ ချက်ချင်းရပ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းခဲ့ကြောင်း ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ဩဂုတ် ၂၈ ရက်တွင် ဂျီနင်၊ တူလ်ကမ်းနှင့် တူဘက်စ် မြို့တို့၌...