ဂျနီဗာ ၊ မေ ၂၃ ရက်(ဆင်ဟွာ) မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့မရှိသောနိုင်ငံများတွင် စောင့်ကြည့်မှုများ တိုးချဲ့နေသည့်အတွက် ရောဂါဖြစ်ပွားမှုများ ပိုမိုဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ မေ ၆ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက် သေဆုံးသူ ၁၅ သန်းနီးပါးရှိကြောင်းနှင့် ၎င်းတို့အနက် အများစုမှာ အရှေ့တောင်အာရှ၊ ဥရောပနှင့် အမေရိကတိုက် စသောဒေသများမှဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ မေ ၅ ရက်ထုတ်ပြန်ချက်အရ...
ဂျီနီဗာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်း ထုတ်ပြန်နေသည့် COVID-19 ရောဂါဖြစ်ပွားမှု နှင့် သေဆုံးမှုများသည် ဆက်လက်ကျဆင်းနေသော်လည်း အဓိကအားဖြင့် စမ်းသပ်စစ်ဆေးမှုနှုန်း ကျဆင်းခြင်းကြောင့် ဖြစ်ပြီး ကပ်ရောဂါသည် မပြီးဆုံးသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) က ဧပြီ ၂၆ ရက်တွင် သတိပေးခဲ့သည်။
ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) အပါအဝင် ထပ်မံပေါ်ထွက်လာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ဆက်လက်ကာကွယ်ရန် ပံ့ပိုးမည်ဆိုပါက လက်ရှိ COVID-19 ကာကွယ်ဆေးများအား အဆင့်မြှင့်တင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
စင်ကာပူ ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ရှေ့လ(ဖေဖော်ဝါရီလ)တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလတွင်း COVID-19 ကပ်ရောဂါဘေးမှ ကင်းဝေးလုံခြုံစေရန် တရုတ်နိုင်ငံ၏ စီမံဆောင်ရွက်ထားမှုများသည် တင်းကျပ်ခိုင်မာမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အကြီးတန်းကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။ စင်ကာပူနိုင်ငံ၌ တရုတ်ဘာသာစကားဖြင့်ထုတ်ဝေသည့် Lianhe Zaobao သတင်းစာတွင် ဖော်ပြချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)...
ဂျီနီဗာ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကမ္ဘာကြီးသည် လာမည့်နှစ်အတွင်း COVID-19 ကပ်ရောဂါကို အဆုံးသတ်ရေး အတူတကွ ဆောင်ရွက်သွားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။ “၂၀၂၂ ခုနှစ်က ကပ်ရောဂါကို ကျွန်တော်တို့ အဆုံးသတ်ရမယ့်နှစ်ဖြစ်ရမယ်” ဟု ကုလသမဂ္ဂ...
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကနေဦးသက်သေအထောက်အထားများအရ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ကာကွယ်ဆေး၏ထိရောက်မှုကို အားနည်းစေနိုင်ကြောင်း နှင့် လူများသည် ဤရောဂါပိုးကို ထပ်ခါတလဲလဲ ကူးစက်နိုင်ခြေပိုများကြောင်း၊ သို့သော် လက်ရှိ ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးမှုနှင့် ကုသရေးနည်းလမ်းများ၏ ထိရောက်မှုအပေါ် ထိခိုက်ခြင်းမရှိသေးကြောင်း သိရသည်။ နိုဝင်ဘာ ၂၄ ရက်တွင် တောင်အာဖရိကက...
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်းကူးစက်မှုအန္တရာယ် “အလွန်မြင့်မား”ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်း ဗိုင်းရပ်စ်မျိုးကွဲသည် ကာကွယ်ဆေးထိရောက်မှုကို လျော့နည်းစေသည်ဟု အထောက်အထားများတွင် ဖော်ပြထားသော်လည်း ရောဂါဖြစ်ပွားမှုအတိုင်းအတာကို လက်ရှိ လက်တွေ့ကုသမှုကိန်းဂဏန်းများအရ အတည်ပြုရန် မလုံလောက်သေးကြောင်း ဆိုသည်။...
ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ) ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်း ကူးစက်မှု တစ်ဟုန်တိုးမြင့်မားလာမည့် “အန္တရာယ် အလွန်များ”ပြီး အချို့ဒေသများတွင် ဆိုးဝါးသည့် နောက်ဆက်တွဲများ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များက အိုမီခရွန် ဗိုင်းရပ်စ် မျိုးကွဲကို လေ့လာမှုများ...
ကိုပင်ဟေဂင်၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဥရောပဒေသတွင်း ၅၃ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလာမှုက စိုးရိမ်ဖွယ်ရှိနေကြောင်း၊ ၎င်းဒေသများတွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှု ဗဟိုချက် တစ်ကျော့ပြန် ဖြစ်လာနိုင်သည်ဟု ကိန်းဂဏန်းများတွင် ဖော်ပြထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Hans Klugeက နိုဝင်ဘာ ၄ ရက်က ဒိန်းမတ်နိုင်ငံ...