ဂျီနီဗာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) COVID-19 လူနာများကို ကုသသော ဆေးဝါးလေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပူးပေါင်းဆောင်ရွက်သော နိုင်ငံတကာစမ်းသပ်မှုတစ်ခုမှ နောက်ဆုံးထုတ်ပြန်လိုက်သော ရလဒ်များအရ အဆိုပါ ဆေးဝါးများမှာ COVID-19 ကြောင့် သေဆုံးမှုကို ကာကွယ်ခြင်း သို့မဟုတ် ဆေးရုံတက်ချိန်လျှော့ချခြင်းများတွင် ထိရောက်မှု “အနည်းငယ်ရှိ...
ဂျီနီဗာ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၂၉ ရက်အထိ COVID-19 ရောဂါကြောင့်သေဆုံးသူ အရေအတွက် တစ်သန်းကျော်လွန်သွားပြီဖြစ်ကာ ၁,၀၀၀,၀၄၀ ဦးအထိရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အတွက် ထည့်ဝင်ထားသော ရန်ပုံငွေကို အခြား ကုလသမဂ္ဂအတွက် ထည့်ဝင်ငွေများအဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး ယင်းအဖွဲ့၌ အမေရိကန် ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) COVID-19 ကပ်ရောဂါဖြစ်ပွားမှုသည် အချိန်ကာလအားဖြင့် နှစ်နှစ်အောက် ကြာမြင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က ဩဂုတ် ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ဂျီနီဗာ ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် က COVID-19 ကပ်ရောဂါ ပိုမို ပြန့်ပွားလာသည့် အခြေအနေ အား ရင်ဆိုင်ရာ တွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ...
ဂျီနီဗာ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အရာ ရှိ က WHO အနေဖြင့် တရုတ် နိုင်ငံ ပညာရှင်များ အပါအဝင် နိုင်ငံတကာ ပညာရှင် များပါဝင်သော အဖွဲ့ တစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး အတူတကွ COVID-19...
ဂျီနီဗာ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) COVID-19ကပ်ရောဂါသည် နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC)တွင် ရှိနေဆဲ ဖြစ်ရာ ကပ်ရောဂါကာလ ဆက်လက်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသောကြောင့် ရေရှည်တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။
ဂျီနီဗာ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာ့ ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ အကဲဖြတ်လုပ်ငန်းများ လုပ်ဆောင်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ ယင်းအကဲဖြတ်အဖွဲ့၏ ပဏာမအစီရင်ခံစာကို နိုဝင်ဘာတွင် ထုတ်ပြန်သွားမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) WHOမှ အမေရိကန်နုတ်ထွက်ရန် ဆောင်ရွက်ခြင်းသည် ၎င်း၏ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဝါဒကျင့်သုံးခြင်းနှင့် ကတိဖျက်နုတ်ထွက်ခြင်း၏ နောက်ထပ် သက်သေတစ်ခုဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထမ်းဆောင်သင့်သည် နိုင်ငံတကာတာဝန်နှင့်ဝတ္တရားများကို ဆောင်ရွက်ကာ နိုင်ငံကြီးတစ်နိုင်ငံရှိသင့်သည့် တာဝန်ယူမှုတာဝန်ခံမှုကို ပြသရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၈...
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့အကြား ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် COVID-19 ဗိုင်းရပ်စ်၏ မူလအစကို ခြေရာခံရေး သိပ္ပံပညာအခြေခံပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် အကြံဉာဏ်ဖလှယ်ရန် WHO မှ ကျွမ်းကျင်သူများ ပေကျင်းသို့ စေလွှတ်သွားမည်ကို တရုတ်အစိုးရက သဘောတူခဲ့ကြောင်း...