ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တွန်ဂါနိုင်ငံတွင် ဇန်နဝါရီ ၁၅ ရက်က ပြင်းထန်းသော မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီ၊ မီးတောင်ပြာကျဆင်းမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်ခဲ့ရာ ၎င်းဖြစ်ရပ်သည် တွန်ဂါနိုင်ငံသမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝဘေးအန္တရာယ် ဖြစ်ကြောင်းသိရသည်။ တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံအား အရေးပေါ်လူသားချင်းစာနာထောက်ထားမှု ငွေကြေးအကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ...
ပေကျင်း ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) “ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်တော့မည်” ဟူသော အနောက်နိုင်ငံများ၏ ကောလာဟလသည် ၎င်းတို့၏ “စစ်ရေး ရန်လိုရန်စသည့် လှုပ်ရှားမှု”ကို ဖုံးကွယ်ရန်သာ ဖြစ်ကြောင်း ၊ အမေရိကန်နှင့်ဗြိတိန်က ယူကရိန်းသို့ လက်နက် ပံ့ပိုးပေးနေခြင်းလုပ်ရပ်သည် ရုရှားကစိုးရိမ်မှုအခြေအနေ၏သက်သေပင် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
မော်စကို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရုရှားရေတပ်စစ်သင်္ဘောတပ်ဖွဲ့က ရေကြောင်းစစ်ရေးခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံလက်နက်ကိုင်အင်အားစု၏ ၂၀၂၂ ခုနှစ် လေ့ကျင်မှုအစီအစဉ်အရ ၎င်းတို့သည် ဇန်နဝါရီမှ...
ပေကျင်း၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) ၂၀၂၁ခုနှစ်အတွင်း တရုတ်နိုင်ငံက ပြည်ပသို့ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများသည် တည်ငြိမ်စွာတိုးတက်လျက်ရှိကြောင်းတရုတ်နိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က ဇန်နဝါရီ၂၀ရက်တွင်ပြောကြားခဲ့သည်။ လုပ်ငန်းကဏ္ဍအားလုံး၏ပြည်ပသို့တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည်တရုတ်ယွမ်ငွေ၉၃၆.၆၉ဘီလီယံရှိရာယမန်နှစ် အလားတူကာလထက်၂.၂ရာခိုင်နှုန်းတိုးတက်လာကြောင်းသိရသည်။ ယင်းနေ့၌ကျင်းပသောစီးပွား/ကူးသန်းဝန်ကြီးဌာန၏အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်စုကြွယ်ထင်က၂၀၂၁ခုနှစ်တွင်တရုတ်နိုင်ငံကBRIလမ်းကြောင်းတစ်လျှောက်နိုင်ငံများသို့ ငွေရေးကြေးရေးဏ္ဍမဟုတ်သောတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုသည်အမေရိကန်ဒေါ်လာ၂၀.၃ ဘီလီယံရှိပြီးကာလတူထက်၁၄.၁ရာခိုင်နှုန်းတိုးတက်လာရာအိမ်ရှင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အပြုသဘောအကျိုးဖော်ဆောင်ခဲ့သည်။ အသစ်ချုပ်ဆိုသောစာချုပ်၌အမေရိကန်ဒေါ်လာသန်း၁၀၀ကျော်ရှိသည့်စီမံကိန်း၅၆၀ရှိရာပြီးခဲ့သည့်နှစ်က၄၆ခု မြင့်တက်လာကြောင်း၊အဓိကအားဖြင့်လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးစသည့်အခြေခံအဆောက်အအုံကဏ္ဍများတွင်ဖြစ်ရာအပြန်အလှန်ချိတ်ဆက်ဆက်သွယ်မှုတစ်ဆင့်တိုးမြှင့်ရေးအတွက်အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။ “ပြည်ပရှိကုန်သွယ်ရေးဇုန်တည်ဆောက်မှုတွေမှာသိသိသာသာအောင်မြင်ထိရောက်မှုရှိခဲ့တယ်”ဟုစုကြွယ်ထင်ကပြောသည်။၂၀၂၁ခုနှစ်နှစ်ကုန်ပိုင်းအထိစီးပွား/ကူးသန်းဝန်ကြီးဌာနစာရင်းများသို့ထည့်သွင်းသောပြည်ပရှိကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဒေသများကနိုင်ငံပေါင်း၄၆ကျော်တွင်ဖြန့်ကျက်တည်ရှိနေရာရင်းနှီးမြုပ်နှံမှုစုစုပေါင်းအမေရိကန်ဒေါ်လာ၅၀.၇ဘီလီယံရှိပြီးအိမ်ရှင်နိုင်ငံသို့အခွန်ပေးဆောင်မှု ၆.၆ဘီလီယံ၊ ဒေသန္တရအတွက်အလုပ်အကိုင်ဖန်တီးမှု၃၉၂,၀၀၀ရှိခဲ့ပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ဘုံအကျိုးစီးပွားတူညီစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အားကောင်းစွာမြှင့်တင်ပေးခဲ့သည်ဟု ဆိုသည်။ (Xinhua)...
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်၊ အီရန်နှင့် ရုရှား နိုင်ငံတို့သည် ဇန်နဝါရီ ၁၈ မှ ၂၀ ရက်အထိ အိုမန်ပင်လယ်ကွေ့ ရေပြင်တွင် ဒုတိယအကြိမ် ရေတပ် ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနအရ သိရသည်။ အဆိုပါ လေ့ကျင့်မှုတွင် ပါဝင်ရန်...
ခတ္တမန္ဒူ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက နီပေါနိုင်ငံ၌ လက်ရှိဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ယခင်ဘဏ္ဍာနှစ်တစ်နှစ်လုံးထက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း နီပေါ အစိုးရ ၏ ကိန်းဂဏန်းများအရ သိရသည်။ နီပေါနိုင်ငံတွင် ယမန်နှစ် ဇူလိုင်လလယ်ပိုင်းက စတင်ခဲ့သည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၌...
လန်ကျိုး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လန်ကျိုးမြို့ရှိ ဆရာဝန်များသည် အသည်းခြောက်ဝေဒနာခံစားနေရသည့် လယ်သမားတစ်ဦးအား အလွန် စိန်ခေါ်မှုများပြားသည့် ကိုယ်တွင်းအင်္ဂါ အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua) ………………. (English Version) GLOBALink | Doctors complete challenging liver transplant...
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ မှတ်တမ်းမတင်ရသေးသည့် ကြိုးကြာခေါင်းမည်း ငှက်မျိုးစိတ်သစ်တစ်မျိုးအား ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။ “ကြိုးကြာခေါင်းမဲက ကျွန်မတို့ မိုးယွန်းကြီး မှာ...
ပေကျင်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရုပ်ထွက်မြင့်မားသော ဘက်စုံစနစ်သုံး ပုံရိပ်ဖမ်းဂြိုဟ်တုအား တရားဝင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာစီမံအုပ်ချုပ်မှုဦးစီးဌာနက ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါ ဂြိုဟ်တုအား တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်၊ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ၂၀၂၀...
ဂျီနီဗာ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ရိုးရာတိုင်းရင်းဆေးကြီးကြပ်ရေးအေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူး Huang Luqi သည် ပြီးခဲ့သည့်ရက်အနည်းငယ်က “တရုတ်တိုင်းရင်းဆေးပညာဖြင့် Covid-19 ရောဂါကုသရေး သက်သေအထောက်အထားအခြေခံ အကဲဖြတ်ခြင်းဆိုင်ရာ သုတေသအစီရင်ခံစာ” ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)သို့ တရားဝင်တင်ပြခဲ့ကြောင်း၊ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်...