ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထိပ်တန်းနိုင်ငံရေးအကြံပေးအဖွဲ့၊တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) က စနေနေ့တွင် စတင်ကျင်းပတော့မည့် နှစ်ပတ်လည်အစည်းအဝေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ မြင်ကွင်းအပြည့်အစုံကို အောက်ပါလင်ခ့်တစ်ဆင့်ကြည့်ရှုနိုင်ကြပါသည်။(Xinhua)

ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသမှ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) ကိုယ်စားလှယ်များ နှင့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) ကိုယ်စားလှယ်များသည် ပေကျင်းမြို့၌ ကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေး နှစ်ခုကိုတက်ရောက်ရန် မတ်လ ၁ ရက်တွင် ပေကျင်းမြို့ရှိ Futian ဘူတာသို့မြန်နှုန်းမြင့် မီးရထားတစ်စင်းဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားကွန်ဂရက်၌ ပြောကြားခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဖြစ်သူ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ အစီရင်ခံစာ မိန့်ခွန်းမှ ကောက်နုတ်ချက်များကို ပြည်တွင်း ပြည်ပ ၌ တရုတ် ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု နှစ်ပတ်လည် အစည်းအဝေးများအတွက် သတင်းစင်တာကို ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။