21
Fri, Jul
727 New Articles

ဟနွိုင်၊ မေ ၃၀ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကလေးများပွဲတော်ကို ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ကျင်းပနေပြီး အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ကိုးဖွဲ့နှင့် တရုတ်၊ တောင်ကိုရီးယားနိုင်ငံမှ ကလေးငယ်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင်ကျင်းပပြုလုပ်မည့် ၁၄ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (14th ACDFIM) တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။ 

မနီလာ ၊ ဧပြီ ၃ဝ ရက် (ဆင်ဟွာ)

အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များက မြောက်ကိုရီးယားနိုင်ငံ၏ တာလတ်ပစ်ဒုံးကျည်များစမ်းသပ်ပစ်ခတ်နေသည့် ကိစ္စရပ်အပေါ် စိုးရိမ်ပူပန်ကြောင်း နှင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေများကို တိတိကျကျ လေးစားလိုက်နာရန် တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက်ထောင် နှင့်တွေ့ဆုံစဉ် မြန်မာ-စင်ကာပူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

မနီလာ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Perfecto Yasay က ဇန်ဝါရီလ ၁၁ ရက်နေ့တွင် မနီလာ ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ က အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး အာဆီယံ နိုင်ငံရေး လုံခြုံမှု အသိုက်အဝန်း တည်ဆောက်ရာတွင် ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဆိုနှစ်ခုကို အလေးထား တွန်းအား ပေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ IMPACT တွင်ကျင်းပမည့် ၅၉ ကြိမ်မြောက်  Bangkok Gems & Jewellery Fair 2017 ပြပွဲကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှ(၂၆)ရက်နေ့ထိ(၅)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ပြပွဲသို့ ပါဝင်ပြသနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း မှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေ နှင့် အာဆီယံဘဏ်လုပ်ငန်းများပေါင်းစည်းရေး လုပ်ငန်းစဉ် အတွက် ပဏာမဆွေးနွေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေး မူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်းဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ဟနွိုင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ဒေသတွင်း စီးပွားရေး ကွန်ရက်ချိတ်ဆက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးခြင်းနှင့် ညင်သာသော ကွန်ရက် ချိတ်ဆက်ခြင်းအား တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ဒီဇင်ဘာလ ၈ ရက်တွင် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန်းဖက်ခ် (Nguyen Xuan Phuc) က ပြောသည်။

ဗီယင်ကျန်း ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အရှေ့ တောင်အာရှ ၁ဝ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများသည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ၌ နိုဝင်ဘာလ ၁၆ ရက်တွင်တွေ့ ဆုံပြီး လုံခြုံရေးခြိမ်းခြောက်မှု နှင့် စိန်ခေါ်မှုများဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟနွိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်အစိုးရ က ၂၀၁၇နှစ်တွင် ကျင်းပမည့် ၃၈ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးပွဲ (ASOD) နှင့် ၂၀၁၈ခုနှစ်တွင် ကျင်းပမည့် ၆ ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးပွဲ (AMMD) အား ဗီယက်နမ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဋ္ဌာန က လက်ခံကျင်းပပေးသွားရန် သဘောတူခဲ့ကြောင်း အစိုးရရုံးက အောက်တိုဘာ ၂၄တွင် ထုတ်ပြန်ခဲ့သည်။

Page 1 of 2