Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ရုရှား နိုင်ငံတွင် ပြုလုပ်သည့် (၇) ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်

တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်မှ ရုရှား နိုင်ငံတွင် ပြုလုပ်သည့် (၇) ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ရုရှား နိုင်ငံ ယူဖာမြို့သို့ ရောက်ရှိစဉ် (ဆင်ဟွာ)

ယူဖာ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ဇူလိုင် ၉ ရက်နေ့ က ရုရှား နိုင်ငံ ယူဖာမြို့တွင် (၇)ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေး ကျင်းပ ခဲ့သည်။ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အတူ ရုရှား ၊ ဘရာဇီး ၊ အိန္ဒိယ နှင့် တောင်အာဖရိက နိုင်ငံများမှ ခေါင်းဆောင်များမှ ထိပ်သီး အစည်းအဝေးအား တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတသည် ၃ ကြိမ် ဆက်တိုက် BRICS ထိပ်သီး အစည်းအဝေး တက်ရောက် ခဲ့ခြင်း ဖြစ်သည်။ ယခု အကြိမ်ပြုလုပ်သည့် BRICS ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ် မှာ “BRICS နိုင်ငံ များ၏ မိတ်ဆွေ ဆက်ဆံရေးမှ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး၏ အားအင် အရင်းအမြစ်သို့” ဖြစ်သည်။ အစည်းအဝေးအား ရုရှား နိုင်ငံသမ္မတမှ ပူတင်မှ သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။

အစည်းအဝေး အစီအစဉ် အရ တရုတ် သမ္မတ ရှီကျင့်ဖိန် ၊ ရုရှား သမ္မတ ပူတင် ၊ ဘရာဇီး သမ္မတ ဒီမာရူးဆက်ဖ် ၊ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ နှင့် တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား တို့သည် ပုံမှန် အစည်းအဝေးနှင့် ကဏ္ဍစုံ အစည်းအဝေး ဟူ၍ ပြုလုပ် သွားမည်ဖြစ်သည်။ အစည်းအဝေးတွင် BRICS နိုင်ငံ များ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အတူတကွ စိတ်ဝင်စားသော ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ် များအား သဘောထား အမြင်များ ဖလှယ် သွားမည် ဖြစ်ပြီး အစည်းအဝေး အပြီးတွင် သဘောတူညီမှုများကို “ယူဖာ ကြေညာစာတမ်း” တွင် ထုတ်ပြန် သွားမည်ဖြစ်သည်။ အစည်းအဝေး ကျင်းပ စဉ် အတွင်း BRICS နိုင်ငံ မှ ခေါင်းဆောင်များ ၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ အဖွဲ့ဝင် နိုင်ငံနှင့် လေ့လာသူ နိုင်ငံများ ၊ ဥရောပ-အာရှ စီးပွားရေး မဟာမိတ် အဖွဲ့ နှင့် ဖိတ်ကြားထားသည့် နိုင်ငံတော် ခေါင်းဆောင်များ ၊ နိုင်ငံတကာ အဖွဲ့အစည်းမှ တာဝန်ရှိသူများ နှင့် BRICS နိုင်ငံ စီးပွားရေး ကောင်စီ မှ ကိုယ်စားလှယ် များမှ ဆွေးနွေးပွဲ ပြုလုပ် သွားမည် ဖြစ်သည်။

ယခု နှစ်ပိုင်း တွင် BRICS နိုင်ငံ များသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာခဲ့ပြီး နိုင်ငံတော် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခြင်း ကို အဓိက ထားကာ လုံခြုံရေး ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အစည်းအဝေး နှင့် နိုင်ငံခြားရေး ဝန်ကြီး များ အစည်းအဝေး တို့ကို ပြုလုပ်ပြီး ကဏ္ဍပေါင်း ဆယ်ခုကျော် အတွက် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု များပြုလုပ်၍ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်သည့် မူဘောင်တစ်ခု ပြုလုပ် ခဲ့သည်။ ယခု အချိန် တွင် စီးပွားရေး ဈေးကွက်ပုံစံသစ် နှင့် ဖွံဖြိုးဆဲ နိုင်ငံ များ၏ ငွေကြေး နှင့် ဖွံဖြိုးရေး ဆိုင်ရာ အရေးကြီး အစည်းအဝေး တစ်ခု အဖြစ် ဖြစ်တည်လာခဲ့သည်။ ထို့ပြင် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် တွန်းအားပေးနိုင်ပြီး အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲရေး ၊ နိုင်ငံစုံ ညှိနှိုင်း ဆောင်ရွက်ရေး နှင့် ဒီမိုကရေစီ ပုံစံ နိုင်ငံတကာ ဆက်ဆံရေး တို့အတွက် အရေးပါသော အစည်းအဝေး တစ်ခု ဖြစ်လာ ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.