Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ၇ ကြိမ်မြောက် BRICS နိုင်ငံ ထိပ်သီး အစည်းအဝေးတွင် ပြောကြား ခဲ့သည့် အရေးကြီး မိန့်ခွန်း

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ၇ ကြိမ်မြောက် BRICS နိုင်ငံ ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ယူဖာ ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ယူဖာမြို့တွင် ဇူလိုင်လ ၉ ရက်နေ့က BRICS နိုင်ငံ ထိပ်သီး အစည်းအဝေး ပွဲကြီးအား ကျင်းပ ခဲ့ပြီး အစည်းအဝေးသို့ တရုတ် သမ္မတ ရှီကျင့်ဖိန် ၊ ရုရှား သမ္မတ ပူတင် ၊ ဘရာဇီး သမ္မတ ဒီမာရူးဆက်ဖ် ၊ အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ နှင့် တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား တို့တက်ရောက် ခဲ့ကြသည်။ နိုင်ငံ ၅ နိုင်ငံ မှ ခေါင်းဆောင်များမှ “BRICS နိုင်ငံ မိတ်ဆွေ ဆက်ဆံရေး” ဟူသည့် ခေါင်းစဉ်ကို အဓိက ထား၍ နိုင်ငံတကာ အခြေအနေ နှင့် BRICS ပူးပေါင်း ဆောင်ရွက်မှု များကို သဘောထား အမြင်များ ဖလှယ် ခဲ့ကြပြီး သဘောတူညီချက် အများအပြား ရရှိခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ “အတူတကွ မိတ်ဆွေဆက်ဆံရေး နှင့် ကောင်းမွန်သည့် အနာဂတ် တည်ဆောက်ရေး” ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပြီး BRICS နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု များနှင့် ကမ္ဘာ့ တည်ငြိမ် အေးချမ်းမှု အတွက် ဆောင်ရွက်မှု များကို ထည့်သွင်းပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်မှ လက်ရှိချိန်တွင် BRICS နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက် ရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ ခဲ့ရသော်လည်း BRICS နိုင်ငံ များသည် ဖွံ့ဖြိုးနိုင်သည့် အလားအလာ ကြီးမားသည့် နိုင်ငံများဖြစ်ကာ တိုးတက်မှု နှုန်းများ အပြောင်းအလဲ မရှိလာ နိုင်ကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် မှ BRICS နိုင်ငံများ အနေဖြင့် ကမ္ဘာ့တည်ငြိမ် အေးချမ်းရေး အတွက် မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်ရန် ၊ အတူတကွ ဖွံ့ဖြိုး တိုးတက်သည့် မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်ရန် ၊ ဘက်စုံ ကူးလူး ဆက်ဆံပြီး နားလည်ခွင့်လွှတ်မှု ပေးနိုင်သည့် မိတ်ဆွေ ဆက်ဆံရေး တည်ဆောက်ရန် နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု မိတ်ဆွေ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်သွားရန် ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် မှ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု ကိစ္စရပ် နှင့် ပတ်သက်၍ ပြောကြားရာတွင် အတူတကွ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် ဗဟိုနိုင်ငံရေး ဆက်ဆံမှု ပုံစံသစ် တစ်ခု တည်ဆောက်သွားရန် လိုအပ်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု အား ပိုမိုကောင်းမွန်သည့် ပုံစံ ဖြစ်ပေါ်လာရန် BRICS မှ ထူထောင်လိုက်သည့် ဘဏ်လုပ်ငန်းအပေါ် အခြားနိုင်ငံများမှ ထောက်ခံမှု ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အရေးပေါ် စုဆောင်းမှု အစီအစဉ် ၊ ခေတ်သစ် ပိုးလမ်းမကြီး ၊ အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ၊ ခေတ်သစ် ပိုးလမ်းမကြီး ရန်ပုံငွေ စသည့် အဆိုပြု ဆောင်ရွက်မှု များဖြင့် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှင့် အပြည်ပြည် ဆိုင်ရာ ငွေကြေး စနစ် ပြုပြင် ပြောင်းလဲရေး အတွက် တွန်းအား ပေးသွားရန် အထူး ပြောကြား ခဲ့သည်။

အစည်းအဝေး အပြီးတွင် နိုင်ငံ ၅ နိုင်ငံ မှ ခေါင်းဆောင်များမှ “BRICS အဖွဲ့ဝင် နိုင်ငံ နိုင်ငံခြားရေး ဌာန များ၏ BRICS ဝက်ဘ်ဆိုဒ် ထူထောင်ခြင်း မှတ်တမ်း” ၊ “BRICS နိုင်ငံများ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်” ၊ “BRICS နိုင်ငံ ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နှင့် BRICS နိုင်ငံ အသစ်ထူထောင်သည့် ဘဏ်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု မှတ်တမ်း” စသည့် သဘောတူညီမှု စာချုပ်များ လက်မှတ် ရေးထိုးသည့် အခမ်းအနား ကို တက်ရောက်ခဲ့သည်။ အစည်းအဝေး ကျင်းပရေး ကော်မတီ မှ “ယူဖာ ကြေညာစာတမ်း” ကိုလည်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.