Connect with us

Politics, Law & Military

တရုတ်-ပြင်သစ် ဆက်ဆံရေး၏ ပထမဆုံးအကြိမ် များအား ဖော်ပြခြင်း

ပြင်သစ် နိုင်ငံ ပဲရစ်မြို့ကို ရောက်ရှိခဲ့သည့် တရုတ် နိုင်ငံတော် ဝန်ကြီးချုပ် လီခဲ့ချန်အား ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဇွန်လ ၂၉ ရက်နေ့က ပြင်သစ် နိုင်ငံ ပဲရစ် မြို့ကို ရောက်ရှိခဲ့ပြီး ပြင်သစ် လည်ပတ်ရေး ခရီးစဉ်ကို စတင်ခဲ့သည်။ ပြင်သစ် နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် အတွင်း တရုတ် နိုင်ငံ ဝန်ကြီး ချုပ်သည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ချုပ်ထံသို့လည်း သွားရောက် လည်ပတ်မည် ဖြစ်သည်။

တရုတ် နိုင်ငံနှင့် ပြင်သစ် နိုင်ငံသည် သမုဒ္ဒရာ ခြားနား ဝေးကွာသော နိုင်ငံများ ဖြစ်ကြသော်လည်း နှစ်နိုင်ငံ လူထု အကြား ချစ်ကြည် ဆက်ဆံရေးသည် ရှည်းလျားသော သမိုင်းကြောင်း ရှိခဲ့သည်။ တရုတ်-ပြင်သစ် သံတမန် စတင် တည်ထောင် ခဲ့ချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေးသည် တည်ငြိမ် ဖွံ့ဖြိုး တိုးတက်မှု ရှိခဲ့ပြီး ပိုမို လက်တွေ့ကျကာ သိသာ ထင်ရှားသည့် မဟာ ဗျူဟာမြောက် ဆက်ဆံရေး ကာလ တစ်ခုသို့ ရောက်ရှိ နေပါသည်။

ဆင်ဟွာ သတင်းဌာနမှ တရုတ်-ပြင်သစ် ဆက်ဆံရေး အတွင်းမှ ပထမဆုံး အကြိမ်များအား အောက်ပါအတိုင်း ဖော်ပြသွား ပါမည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံတော်စတင် တည်ထောက် ခဲ့ပြီးနောက် ပြင်သစ် နိုင်ငံသည် တရုတ် နိုင်ငံနှင့် သံတမန် ဆက်ဆံရေး စတင် ထူထောင်ခဲ့သော ပထမဆုံး အနောက်တိုင်း နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ဗျူဟာသမား နှစ်ဦး ဖြစ်သည့် တရုတ် နိုင်ငံတော် ခေါင်းဆောင် မော်စီတုန်းနှင့် ပြင်သစ် စစ်ဗိုလ်ချုပ် Charles de Gaulle သည် စစ်အေး ကာလကို ကျော်ဖြတ်ကာ တရားဝင် သံတမန် ဆက်ဆံရေးကို စတင် နိုင်ခဲ့သည်။

၁၉၇၃ ခုနှစ် စက်တင်ဘာလတွင် ပြင်သစ် သမ္မတ Georges Pompidou မှ ပထမဆုံး အကြိမ် တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်သော အနောက်တိုင်း ဖွံ့ဖြိုးပြီး နိုင်ငံ အတွင်းမှ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သည်။

၁၉၇၅ ခုနှစ် မေလတွင် တရုတ် နိုင်ငံတော် ကောင်စီဝင် ဒုတိယ ဥက္ကဌ တာဝန် ထမ်းဆောင် နေသော တိန့်ရှောင်ဖိန်သည် ဖိတ်ကြားချက်အရ ပြင်သစ် နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး ပထမဆုံး အကြိမ် တရုတ် နိုင်ငံတော် ခေါင်းဆောင် အနေဖြင့် အနောက်တိုင်း နိုင်ငံကြီးအား သွားရောက် လည်ပတ်ခဲ့သည်။ တိန့်ရှောင်ဖိန်၏ လည်ပတ်ရေး ခရီးစဉ် အတွင်း ပြင်သစ် ပြည်သူလူထု များက လှိုက်လှဲစွာ ကြိုဆို ခဲ့ကြသည်။

၁၉၈၂ ခုနှစ်တွင် တရုတ်-ပြင်သစ် နှစ်နိုင်ငံ အစိုးရ မှ “ငြိမ်းချမ်းစွာ နျူစွမ်းအင် ပူးပေါင်း အသုံးပြုရေး သဘော တူညီချက်” စာချုပ် ချုပ်ဆိုခဲ့ကြပြီး ပြင်သစ် နိုင်ငံသည် ပထမဆုံး တရုတ်နိုင်ငံနှင့် အရပ်သုံး နျူစွမ်းအင် ပူးပေါင်း ဆောင်ရွက်သည့် အနောက်တိုင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် တရုတ်-ပြင်သစ် နှစ်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်မှု ကြေညာ စာတမ်းအား ချုပ်ဆို နိုင်ခဲ့ပြီး “၂၁ ရာစု ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး” ထူထောင်ရန် ဆုံးဖြတ်ခဲ့သည်။ ဤဆောင်ရွက်မှုသည် တရုတ် နိုင်ငံ အနေဖြင့် ပထမဆုံး အကြိမ် အနောက်တိုင်း နိုင်ငံကြီးနှင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် တရုတ်-ပြင်သစ် နှစ်နိုင်ငံ အစိုးရမှ အပြန်အလှန် ယဉ်ကျေးမှု စင်တာများ တည်ဆောက်ရန် သဘောတူညီ ခဲ့ကြသည်။ ပဲရစ်ရှိ တရုတ်ယဉ်ကျေးမှု စင်တာ ကိုလည်း ၎င်းလတွင် ပြင်သစ် နိုင်ငံတွင် မြင်တွေ့ခဲ့ရပြီး တရုတ် နိုင်ငံ၏ ပထမဆုံးသော အနောက်တိုင်း နိုင်ငံကြီးတွင် ဖွင့်လှစ် ခဲ့သော ယဉ်ကျေးမှု စင်တာ ဖြစ်သည်။

၂၀၀၃ ခုနှစ် မှ ၂၀၀၅ ခုနှစ် အတွင်း တရုတ်-ပြင်သစ် အပြန်အလှန် ယဉ်ကျေးမှု ပွဲတော် နှစ်များ ပြုလုပ်ခဲ့ကြပြီး ပြင်သစ် နိုင်ငံ အနေဖြင့် ပထမ ဦးဆုံး တရုတ် နိုင်ငံနှင့် ယဉ်ကျေးမှု ပွဲတော် အပြန်အလှန် ပြုလုပ် ခဲ့သည့် အနောက်တိုင်း နိုင်ငံကြီး ဖြစ်ခဲ့သည်။ တရုတ် ယဉ်ကျေးမှု ပွဲတော်ကို ၂၀၀၃ ခုနှစ် အောက်တိုဘာလမှ ၂၀၀၄ ခုနှစ် ဇူလိုင်လ အထိ ပြင်သစ် နိုင်ငံတွင်း ကျင်းပခဲ့သည်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြင်သစ် နိုင်ငံ ပဲရစ်မြို့ရှိ Champs-Élysées လမ်းမကြီးတွင် တရုတ် ရိုးရာ အကများ ဖျော်ဖြေ ခဲ့သည်။ Champs-Élysées လမ်းမကြီးအား ပထမဆုံး အကြိမ် နိုင်ငံခြားသားများ လည်ပတ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဧည့်ပရိတ်သက် ပေါင်း ၇ သိန်းခန့် လာရောက် လည်ပတ် ခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် ပြင်သစ် သမ္မတ François Hollande မှ တရုတ် နိုင်ငံသို့ လာရောက် လည်ပတ် ခဲ့ပြီး တရုတ် နိုင်ငံ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်ခဲ့ပြီးနောက် ပထမဆုံး လာရောက် လည်ပတ်ခဲ့သည့် အနောက်တိုင်း နိုင်ငံကြီး များမှ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သည်။

၂၀၁၄ ခုနှစ် မတ်လတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်မှ ပြင်သစ် နိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက် လည်ပတ် ခဲ့သည်။ လည်ပတ်ရေး ခရီးစဉ် အတွင်း သမ္မတ ရှီကျင့်ဖိန်မှ ပဲရစ်မြို့တွင် ကျင်းပသော တရုတ်-ပြင်သစ် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၅၀) ပြည့် အခမ်းအနား တွင် “တရုတ်-ပြင်သစ် ဆက်ဆံရေးသည် နှစ် ၅၀ ရှိခဲ့ပြီး ကျွန်တော်တို့အနေဖြင့် ပစ္စုပ္ပန်တွင် ခိုင်မြဲစွာ လက်တွဲ၍ အနာဂတ်ကို လျှောက်လှမ်း သွားရမည် ၊ တရုတ်-ပြင်သစ် ဆက်ဆံရေးအား ပိုမို တိုးတက်ရန် ၊ ပိုမို ရင်းနှီးရန် ၊ ပိုမိုကြာရှည်ရန်နှင့် ပိုမို ထူးခြားရန် စီစဉ် ဆောင်ရွက် သွားရမည်” ဟု ပြောကြားခဲ့သည်။

လက်တလော နှစ်များတွင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု အခြေအနေ ကောင်းမွန်ပြီး ၂၀၁၄ ခုနှစ် တရုတ်-ပြင်သစ် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၅၅.၇၉ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၀.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ပြင်သစ် နိုင်ငံသည် တရုတ် နိုင်ငံ၏ အီးယူ နိုင်ငံ အတွင်းမှ စတုတ္ထမြောက် ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံကြီး ဖြစ်ပြီး တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် အီးယူ နိုင်ငံ အတွင်းမှ စတုတ္ထမြောက် အများဆုံး နိုင်ငံ ဖြစ်သည်။ ၂၀၁၄ ခုနှစ် နှစ်ကုန် အထိ ပြင်သစ် နိုင်ငံသည် တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပေါင်း ၄၇၈၉ ခုပြုလုပ်ခဲ့ပြီး လက်တွေ့ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၃.၆၄ ဘီလီယံ ရှိခဲ့သည်။

တရုတ် နိုင်ငံနှင့် ပြင်သစ် နိုင်ငံသည် ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး နေရာဒေသ ၊ ယဉ်ကျေးမှုနှင့် လူမှုဘဝ ကွဲပြားခြားနားမှု ရှိသော်လည်း နှစ်နိုင်ငံလုံးသည် ငြိမ်းချမ်းရေးကို တန်ဖိုးထားပြီး အမှန်တရား အတွက် လိုအပ်သည့် အရေးပါသော အင်အားကြီး နိုင်ငံများ ဖြစ်ကြသည်။ တရုတ်-ပြင်သစ် နှစ်နိုင်ငံ အကြား ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး ၊ တန်းတူညီမျှ ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး နှင့် လူသားများ၏ အနာဂတ် ခေတ်မှီ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ခြင်း ဖြစ်သည်။ (Xinhua)