Connect with us

Politics, Law & Military

ဟောင်ကောင်အနေဖြင့် အမေရိကန်၏ ပိတ်ဆို့မှုများကို ကြောက်ရွံ့နေမည်မဟုတ်ဟု Carrie Lam ပြော

 

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အတွက် အထူးကုန်သွယ်ခွင့် အား အမေရိကန်နိုင်ငံက ရုပ်သိမ်းလိုက်ခြင်းအပေါ် မည်သည့်ပိတ်ဆို့မှုမျိုးကိုမဆို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ဇွန် ၃၀ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။

ဟောင်ကောင်အနေဖြင့် အမေရိကန်၏ လုပ်ဆောင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ကုန်သွယ်ရေး ကန့်သတ်ချက် ဆောင်ရွက်ချက်များသည် အနည်းငယ် အဆင်မပြေမှုသာဖြစ်စေနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ဟောင်ကောင်၏ နည်းပညာတီထွင်ဆန်းသစ်မှုကဏ္ဍကိုမူ ကန့်သတ်သွားမည်မဟုတ်ကြောင်း Lam က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။အမေရိကန် ကုန်သွယ်ရေးဉီးစီးဌာနက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို အကြောင်းပြ၍ ဟောင်ကောင်နှင့် ပို့ကုန်လိုင်စင်ခွင့်ပြုမှု ရရှိခြင်း အပါအဝင် ကုန်သွယ်ရေးဦးစားပေးဆက်ဆံမှုကို ဆိုင်းငံ့ရန် ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

ဗဟိုအစိုးရအနေဖြင့် တန်ပြန်ဆောင်ရွက်မှုများကို အတည်ပြုလိုက်ပါက HKSAR အစိုးရအနေဖြင့် ဆောင်ရွက်ချက်များကို အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Lam က ဆိုသည်။အမေရိကန်နိုင်ငံသည် ဟောင်ကောင်နှင့် ကုန်သွယ်မှု၌ ကမ္ဘာတစ်ဝန်း အမြင့်ဆုံးအဖြစ်ရှိခဲ့ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်ရှိကြောင်း Lam က ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.